25 C
Yangon

ရေး-ထားဝယ် အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် စိုးမိုးထားပြီး လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်

Must read

ရန်ကုန်၊ ဧပြီ ၈

မွန်ပြည်နယ်၊ ရေးမြို့တောင်ပိုင်းမှ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အထိ အမှတ် – ၈ ပြည်ထောင်စု လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် စိုးမိုးထားပြီး နယ်မြေလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ထံမှ သိရသည်။

အဆိုပါ လမ်းပိုင်း စစ်ဆေးမှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း – (၁) ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇)၊ ဝေဟင်‌ဒေါနတပ်ခွဲ(၆)၊ ထားဝယ် တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ – (၃)၊ Ye Air Force(YAF) စသည့် မဟာမိတ် ပူးပေါင်းတပ်များက ပြုလုပ်ခဲ့ပြီး ယနေ့အချိန်ထိ လမ်းပိုင်းကို ထိန်းချုပ်စိုးမိုးထားကြောင်း သိရှိရသည်။

အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ခရီးသွား ပြည်သူများ၏ လုံခြုံရေးအတွက် နေ့စဉ် တွေ့ဆုံ စစ်ဆေးလျှက်ရှိကြောင်း၊ အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို မတ်လ ၁၉ ရက်နေ့မှစ၍ တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့များက ယနေ့အထိ ဆက်လက်စိုးမိုးရယူထားဆဲဖြစ်ကြောင်း သိရသည်။

မတ်လ ၂၉ ရက်နေ့တွင် တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့များက မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်ရှိ မလွှဲတောင်ဂိတ်စခန်းကို SF-Z လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးကျဲကာ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ ရန်သူစစ်ကောင်စီမှ K-8W Jet Fighter ၂ စီးနှင့် ရဟတ်ယာဉ် ၁ စီး ဖြင့် ရေဖြူမြို့နယ်ရှိ ကလော့သိုင်းကျေးရွာ၊ ရာဖူးကျေးရွာ၊ အလယ်စခန်းကျေးရွာနှင့် ကျွဲတလင်းကျေးရွာတို့ကို ဗုံးသီး ၄၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ပြီး မတ်လ ၃၁ ရက်နေ့မှစ၍ တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့များက ခရီးသွားပြည်သူများကို နံနက် ၆ နာရီမှာ ညနေ ၆ နာရီအထိသာ ခရီးသွားလာကြရန် သတိပေး ထုတ်ပြန်ထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရေး-ထားဝယ် အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်#လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article