25 C
Yangon

ပလမြို့တွင် စစ်တပ်နှင့် ပုလော PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်ကင်းပုန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၉

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပုလော PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပလမြို့၊ ဝါးကျောင်းအနီး လှုပ်ရှားနေသည့် အင်အား ၂၈ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက လက်ဦးမှုယူကာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ၄၅ မိနစ်ခန့် အပြင်းအထန် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးပစ်ကူ အမြောက်အမြား အသုံးပြုကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ ထိတွေ့ ပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ၂ ဦးစလုံး စိုးရိမ်ရသည့်အနေအထားတွင် ရှိကြောင်း သိရှိရသည်။

“ပုလောမြို့နယ်ထဲက ပြည်သူတွေက ဗုံးခိုကျင်းတူးတာနဲ့ ပတ်သက်ရင် တော်တော်အားနည်းတယ်။ အချို့ဆို ‌တူးတောင် မတူးထားကြဘူး။ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာရင် ပြည်သူတွေကို အန္တရာယ်ကင်းစေမှာက ဗုံးခိုကျင်းပဲပေါ့နော်။ ဗုံးခိုကျင်းကို မဖြစ်မနေတူးစေချင်တယ်” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ်တော်လှန်ရေး အင်အားစုများသည် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူစောထီးများကို အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ စနစ်တကျ တူးထားရန်နှင့် အရေးကြီးပစ္စည်းများကို စနစ်တကျထုပ်ပိုးရန် အကြံပြုကြောင်း၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အလေးအနက်ထား လိုက်နာပေးရန် မေတ္တာရပ်ခံကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဘိုးတော်ကုန်းကျေးရွာအနီး ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ပုဝါနီစစ် ကြောင်း ထံမှ သိရသည်။

ဧပြီလ ၇ ရက် ည ၈ နာရီ မိနစ် ၄၀ အချိန်ခန့်က ရေတာရှည်မြို့နယ်၊ ဘိုးတော်ကုန်းကျေးရွာ ဆီပန့် အနီး၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို ပုဝါနီစစ်ကြောင်းပွိုင့်မှ မိုင်းခွဲပြီး လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိခိုက်အကျအဆုံး ရှိပြီး လူနာတင် ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း၊ ပုဝါနီပြောက်ကျားပွိုင့်ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်တပ်ကင်းပုန်းကို မိုင်းဆွဲ #ပလမြို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article