25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်က KIA နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ လွယ်ဂျယ်မြို့နယ်မှာ နောက်ဆုံး ကျန်နေတဲ့ စစ်ကောင်စီရဲ့ မြို့စောင့်တပ် ခလရ ၁၄၂ က တပ်ဖွဲ့ဝင်တွေနဲ့ Non CDM တွေအားလုံး မနေ့ကညပိုင်းမှာပဲ တရုတ်ပြည်ဘက်ကို ထွက်ပြေးသွားကြပြီဖြစ်တဲ့အတွက် လွယ်ဂျယ်မြို့ဟာ စစ်ကောင်စီကင်းစင်နယ်ဖြစ်သွားပြီလို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က အကြမ်းဖက် စစ်ကောင်စီရဲ့ နန့်ယား- စစ်တပ် ဂိတ်စခန်းကြီးကို KIA နဲ့ မဟာမိတ်တပ်တွေက ဒီကနေ့ မနက်ပိုင်းမှာပဲ ဝင်ရောက်တိုက်ခိုက်နေပြီလို့ KIA သတင်းရင်းမြစ်က‌ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ပျက်ကို ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက တွေ့ရှိ စစ်ဆေးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article