25 C
Yangon

ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရကြောင်း ဘီးလင်းမြို့နယ်မှ ထွေ/အုပ်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဘီးလင်းမြို့ ဆရာစံရပ်ကွက်ရှိ ဘီးလင်းမြိုနယ်ထွေအုပ်ရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ ဗုံး ၃ လုံးကျဲချခြင်းဖြစ်ပြီး ဘီးလင်းမြို့နယ်​ ထွေ/အုပ်ရုံး ပျက်စီးသွားကြောင်း၊ လတ်တလော ရုံးပျက်စီးသွားသဖြင့် ထွေ/အုပ်ဝန်ထမ်းများ ရုံးပြောင်းရွှေ့ ရဖွယ်ရှိနေကြောင်း သိရှိရသည်။

“အခြားဌာနဆိုင်ရာရုံးတစ်ခုနဲ့ ပေါင်းမယ်လို့တော့ကြားတယ်။ ဘယ်မှာ ရုံးတက်ရမလဲတော့မသိဘူး။ ဝန်ထမ်းတွေလည်း ရုံးမတက်မှာစိုးလို့ လုံခြုံရေး အဆင်ပြေအောင် လုပ်ပေးမယ်လို့တော့ ပြောတယ်။ ကြောက်တော့ အကုန် စိုးရိမ် ကြောက်ကုန်ကြတယ်” ဟု ဘီးလင်းထွေအုပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ ဘီးလင်းမြို့တွင် စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်များက မြို့ကို တော်လှန်ရေးတပ်များက အချိန်မရွေး တိုက်ခိုက်လာနိုင်သဖြင့် ၂၄ နာရီ လုံခြုံရေး ပြင်ဆင်ထားပြီး ခုခံစစ်အတွက်လည်း ပြင်ဆင်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အထွေထွေအုပ်ချုပ်ရေးမှူးရုံး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article