25 C
Yangon

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရ၊ အရာတော်မြို့နယ်၊ သလဲဘာရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရ၊ အရာတော်မြို့နယ်၊ သလဲဘာရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၉

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြိုနယ်ပြည့်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ-MSPDF တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၇ ရက် န့နက် ၁၀ နာရီမှ ၁၁ နာရီအချိန်ခန့်အထိ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာအတွင်း ရှိ အဆောက်အဦးတစ်ခုအတွင်း၌ အစည်းအဝေး ပြုလုပ်နေသော အကြမ်းဖက်စစ်သား၊ ရဲနှင့် ပျူ စောထီးများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး အခြေ အနေစိုးရိမ်ရကြောင်း သိရသည်။

“အစည်းအဝေးလုပ်တယ်ပဲ ကြားမိတာ၊ ဘာအတွက် အစည်းအဝေးလည်းတော မသိဘူး၊ အပြင်းအ ထန် ဒဏ်ရာရတဲ့တစ်ကောင်ကတော့ သေနိုင်တယ်။ စစ်ခွေးတွေဘက်က ၆၀ မမတွေနဲ့ပါပြန်ပစ် တယ်၊ အဲဒီစခန်းမှာက အင်အား ၁၈၀ လောက်တော့ရှိသေးတယ်” ဟု မြောင်မြိုနယ်ပြည့်သူ့ကာ ကွယ် ရေးအထူးတပ်ဖွဲ-MSPDF တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့-MSPDF/MSDF၊ စစ်ကိုင်း ခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF နှင့် မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ စစ်သားနှင့် ပျူစောထီးများ အထိုင်ချထားသော စခန်းများကို ဒေသ တော်လှန်ရေး အင်အားစုများ ပူးပေါင်း၍ လက်လုပ် လက်နက်ကြီး ဗုံးသီး အလုံးရေ ၂၀၀ ကျော်ဖြင့် သွားရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း BGS Ayadaw Drone Force & Ayadaw Rocket အဖွဲ့ကလည်း ဒရုန်းဖြင့် လက်လုပ် ၁၂၀ မမ ဗုံးသီးများ ပါဝင်ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article