26 C
Yangon

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရဲစခန်းမှ ရဲ ၂၂ ဦး လက်နက်ချ အညံ့ခံ

Must read

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရဲစခန်းမှ ရဲ ၂၂ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ ဧပြီ ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရဲစခန်းမှ ရဲ ၂၂ ဦး လက်နက်ချ အညံ့ခံကြောင်း မြေပြင် KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော ဆယ်ဇင်းကျေးရွာစစ်တပ်စခန်းနှင့် ဆယ်ဇင်းနယ်မြေရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည် နေရာယူပြီး တပ်စွဲထားခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့ ဧပြီလ နံနက်ပိုင်းတွင် ဆယ်ဇင်းရဲစခန်းနှင့်တပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထပ်မံ ပြန်လည် တိုက်ခိုက်ရာ ဆယ်ဇင်းရဲစခန်းမှ ရဲ ၂၂ ဦးက လက်နက်နှင့်တကွ အညံ့ခံလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဆယ်ဇင်းရဲစခန်းနဲ့ တပ်စခန်းက ၂၀၂၂ ခုနှစ်မှာ အပြီးသတ်သိမ်းထားပြီးသားပါ။ အဲဒါကို စစ်ခွေးတွေက ပြန်နေရာဝင်ယူထားတာ။ အဲဒါကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ဖို့လုပ်တာ။ ဒီနေ့ မွန်းလွဲပိုင်းမှာ ဆယ်ဇင်းရဲစခန်းက ရဲ ၂၂ ဦး လက်နက်နဲ့တကွ အညံ့ခံပါတယ်။ ဆယ်ဇင်းတပ်စခန်းကိုတော့ ဆက်ပြီးတော့ တိုက်နေတုန်းပါပဲ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ မြစ်ကြီးနား-ဖားကန့်လမ်းမပေါ်ရှိ နန့်ယားစစ်ကောင်စီတပ်စခန်းနှင့် ဂိတ်ကို KIA ဦးဆောင်သော မဟာမိတ်များက တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ဘက်မှ စစ်သုံ့ပန်းများကို ဖမ်းဆီးရရှိထားပြီး တိုက်ပွဲလည်း ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article