25 C
Yangon

ပေါက်မြို့နယ်ရှိ ရွှေလှံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၉၈ လုံးကို မီးရှို့ဖျက်ဆီး

Must read

ပေါက်မြို့နယ်ရှိ ရွှေလှံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၉၈ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၁၀

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ရွှေလှံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၉၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက်ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေါက်မြို့နယ် အရှေ့ပိုင်းရှိ ရွှေလှံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ကျေးရွာကို စစ်ကြောင်းထိုး စီးနင်းခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၉၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

“ပေါက်နယ် အရှေ့ပိုင်းမှာရှိတဲ့ ရွှေလှံရွာကို စစ်ခွေးတွေ မီးရှို့ဖျက်ဆီးသွားတာပါ။ ပြည်သူတွေ တကယ်ကို အကူအညီ လိုအပ်နေတယ်။ စစ်ခွေး မီးရှို့သွားတာ နေအိမ် ၉၈ လုံး ပြာကျသွားတယ်။ ဧပြီလ ၅ ရက်နေ့တုန်းက ဝင်ရှို့သွားတာ ရွာထဲကိုလည်း လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူ ၂ ထိခိုက် ဒဏ်ရာရတယ်” ဟု ပေါက်ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လက်ရှိချိန်တွင် ရွှေလှံရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများသည် စားနိပ်ရိက္ခာများ အရေးပေါ်လိုအပ်နေပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့ပေါ်ကို ရောက်ရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article