ရန်ကုန်၊ ဧပြီ ၁၁
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်သည် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ ထွက်ပြေးစွန့်ခွာသွားသည်ဆိုသော သတင်းများကြောင့် ထိုင်းစစ်တပ်က အမှတ် ၂ တံတားဘက်တွင် လုံခြုံရေးများ အထူးတိုးမြှင့်ထားကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။
“ခလရ ၂၇၅ က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ကို စွန့်ခွာသွားတယ်။ ဒီဘက်ကည်း လမ်းဖွင့်ပေးတာမျိုး လုပ်ပေးလိုက်တယ်လို့ သိရတယ်။ အခု မြ၀တီမြို့ထဲမှာ BGF က အဓိက ထိန်းထားတယ်။ ဖြစ်စဉ်က နည်းနည်း ရှုပ်ထွေးနေတယ်။ ခလရ ၂၇၅ ထဲမှာလည်း BGF တချို့ရှိနေတယ်” ဟု တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံဘက်က အမှတ် ၁ ချစ်ကြည်ရေးတံတားနှင့် အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် လုံခြုံရေးများကို ယမန်နေ့ ထက်တိုးမြှင့်လိုက်ကြောင်း၊ မြ၀တီမြို့ရှိ ခလရ ၂၇၅ တပ်ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း ထိုင်းသတင်းမီဒီယာများက ပထမဦးစွာ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားနှင့် အမှတ် ၂ ချစ်ကြည်ရေးတံတားကိုမူ ပုံမှန်အတိုင်း ဆက်လက် ဖွင့်ထားဆဲဖြစ်သော်လည်း အနာဂတ်တွင် မည်သို့ မည်ပုံဆက်ဖြစ်မည်ကို မသိရှိရသေးပေ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြ၀တီမြို့စောင့်တပ် #ခလရ ၂၇၅ တပ် #ထိုင်းစစ်တပ်