■ စစ်တပ်စစ်ကူစစ်ကြောင်းများ အင်အား အလုံးအရင်းဖြင့် တက်လာနေသဖြင့် စစ်ရေး တင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်
ရန်ကုန်၊ ဧပြီ ၁၁
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများ ပြားပြီး လက်နက်ခဲယမ်းအများအပြား ရရှိထားကြောင်း၊ မကြာမီ တရားဝင် သတင်းထုတ်ပြန်ရန် ရှိနေကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
“အခုက စစ်တပ်က စစ်ကူစစ်ကြောင်းတွေ အလုံးအရင်းနဲ့ တက်လာတာလည်း အားလုံး သိထားတဲ့အတိုင်းပဲ။ စစ်ရေးက တင်းမာနေတာမို့ တိုက်ပွဲတွေက ဒီထက်ပိုပြီး ပြင်းထန်လာနိုင်တယ်။ ဘာမှ ပြောလို့မရသေးဘူး။ ကိုယ့်ဘက်က စစ်ဗျူဟာအရ အဆုတ် အတက်လုပ်ရတာတွေလည်းရှိတယ်။ သက်ဆိုင်ရာက တရားဝင် သိသင့် သိထိုက် တာတွေကို ပြည်သူကို အသိပေးလိမ့်မယ်။ အခုအချိန်က အပြည့်အ၀တော့ ပျော်လို့ ရတဲ့အ ချိန်မဟုတ်ဘူး” ဟု စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
မြ၀တီ ခလရ ၂၇၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများ ပြားသကဲ့သို့ တော်လှန်ရေးတပ်များဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိကြောင်း၊ လက်ရှိ စစ်ရေးအခြေအနေမှာ မြ၀တီမြို့တစ်ခုတည်း ကွက်၍ ကြည့်မရဘဲ မော်လမြိုင်- ဘားအံ-ကော့ကရိတ်-မြ၀တီ တစ်ခွင်လုံးကို ဖြန့်ကျက်၍ ကြည့် နေရသည့်အခြေအနေဖြစ်ကြောင်း၊ မြို့သိမ်းသည်ထက် မြို့ကို ထိန်းထားရန် ခက်ခဲသည်ကို ကောလင်းက သက်သေပြခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြ၀တီမြို့စောင့်တပ် #ခလရ ၂၇၅ စခန်း