28 C
Yangon

မြ၀တီမြို့စောင့်တပ်၊ ခလရ ၂၇၅ မှ အရာရှိကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်ပြုရန် တောင်းခံနေ

Must read

ရန်ကုန်၊ ဧပြီ ၁၁

မြ၀တီမြို့စောင့်တပ်၊ ခလရ ၂၇၅ မှ အရာရှိကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်ပြုရန် တောင်းခံနေကြောင်း တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

“အရာရှိကြီးတွေရော၊ ဒဏ်ရာရတဲ့သူတွေရော အားလုံးပါတယ်။ အမှတ် ၂ တံတားမှာ အားလုံး အရပ်ဝတ်လဲထားပြီးပြီ။ သေနတ်တွေပါတာကိုတော့ ထိုင်းစစ်တပ်ကို အပ်မယ်ပြောထားတယ်။ ထိုင်းစစ်တပ်ကလည်း ဝင်ခွင့် ပေး၊ မပေး မသိရသေးဘူး။ ညှိနှိုင်းပြီးတော့ လမ်းဖွင့်ပေးလိုက်တယ်လို့ သိထားတယ်။ မနေ့ညကတည်းက ထွက်သွားကြတာ” ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော ထိုင်းစစ်တပ်က အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် အင်အားအလုံးအရင်းဖြင့် လုံခြုံရေးတိုးမြှင့် ချထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြ၀တီမြို့စောင့်တပ် #ခလရ ၂၇၅ #အမှတ် ၂ ချစ်ကြည်ရေးတံတား #ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်ပြုရန် တောင်းခံနေ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article