25 C
Yangon

စစ်ကောင်စီတပ်စခန်းအားလုံးကို ချေမှုန်းပြီးနောက် မြ၀တီမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU က တရား ဝင် ကြေညာ

Must read

ထွက်ပြေးသွားသည့် ခလရ ၂၇၅ တပ်စခန်းမှ စစ်အင်အား ၂၀၀ ဦးမှာလက်နက်များဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ကယ်ကူမဲ့ဖြစ်နေ

ရန်ကုန်၊ ဧပြီ ၁၁

ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး စစ်စခန်းဖြစ်သော ခလရ ၂၇၅ အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ် သိမ်းပိုက်ရရှိပြီး မြ၀တီမြို့ကို ရရှိပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် KNU က တရားဝင် ကြေညာလိုက်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ဦးဆောင်ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိ သော အာဏသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းကို လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက် နိုင်ရန်အတွက်ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီလ ၈ ရက်နေ့ တွင် စတင်ထိုးစစ်ဆင်ခဲ့ကာ ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ယခုအချိန်တွင် မြဝတီမြို့ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီ အကြွင်းအကျန်များကို ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်အသိပေးအပ်ကြောင်း KNU က ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကမူ ယနေ့ မွန်းလွဲ ၁၁ နာရီဝန်းကျင်အချိန် တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကို မြ၀တီမြို့ပြင်သို့ လာရောက် ကျဲချခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ခလရ ၂၇၅ မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ မှာ အမှတ် ၂ ချစ်ကြည် ရေးတံတားအတွင်းတွင် လက်နက်များနှင့် ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်ရရှိရေး စောင့်ဆိုင်းနေသော်လည်း လက်ရှိအချိန်အထိ ခိုလှုံခွင့်မပြုသေးကြောင်း၊ ထို့ကြောင့် ကယ်ကူသူမဲ့ ဖြစ်နေပြီး တော်လှန်ရေးတပ်များ လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်ကောင်စီတပ်စခန်း #မြ၀တီမြို့ကို သိမ်းပိုက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article