25 C
Yangon

ဖလမ်းမြိုနှင့် ပခုက္ကူမြိုတိုတွင် ရဲမေ ၁ ဦးနှင့် စစ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၁၁

ချင်းပြည်နယ်၊ ဖလမ်းခရိုင် ရဲတပ်ဖွဲမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ် ရဲမေ တစ်ဦး သည် ပြည်သူ့ရင်ခွင်သို ခိုလှုဝင်ရောက်ခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ – YPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

အလင်းဝင်ရောက်ရန် ဆက်သွယ်လာခဲ့သည့် ရဲမေကို ချင်း အမျိုးသားကာကွယ်ရေးတပ် (CNDF)ချင်းအမျိုးသားတပ်မတော် (CNA) တို၏ အကူအညီဖြင့် ခေါ်ဆောင်ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်း၏ဆန္ဒအရ ဆက်လက်၍ လက်နက်ကိုင် လိုခြင်းမရှိသဖြင့် သက်ဆိုင်ရာ ရပ်ကျေး /မြိုနယ် ပအဖများသို ထပ်မံ ဆက်သွယ်ကာ စနစ်တကျ လွှ ပြောင်း အပ်နှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“အလင်းဝင်ခဲ့တာတော့ ကြာပြီ၊ ၂ လ လောက်ရှိတော့မယ်၊ သူ့ကို သွားခေါ်ခဲ့ရတာလည်း ကြာခဲ့သေး တယ်။ မိသားစုတော့မပါဘူး၊ လက်နက်ခဲယမ်းတွေလည်းမပါဘူး၊ အခုလက်ရှိတော့ သူ့ကို မြိုနယ် ရပ်ကျေး ပအဖတွေဆီလွှပြောင်းအပ်နှံထားပါတယ်” ဟု ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ – YPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (YPDF) သိုဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို ခိုလှုလာသူ ရဲတပ်ဖွဲဝင် ၃ ဦး၊ လက်နက်ကိုင်မဟုတ်သော အခြားဝန်ထမ်း ၁ ဦး၊ ပျူစောထီးရွာများမှ ထွက် ပြေးတိမ်းရှောင်လာသူ ၁၀၀ ဦးခန့် ရှိပြီ ဖြစ်ကြောင်း၊ အဆိုပါ အလင်းဝင်လာသူများကို တပ်ဖွဲ၏ လုပ်ထုံးလုပ်နည်း၊ စည်းကမ်း ဥပဒေများနဲ့အညီ စုံစမ်းစစ်ဆေးမေးမြန်းပြီး ၎င်းတို၏ဆန္ဒနဲ့အညီ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ – YPDF က ထုတ်ပြန် ထားသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို အခြေစိုက်တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး – ABSDF ထံမှ သိရသည်။

မတ်လ ၃၀ ရက်နေ့က ပခုက္ကူမြိုအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ တပ်ရင်းမှ တပ် သား ၁ ဦးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး – ABSDF ထံသို ဆက်သွယ်ကာ MA-1 သေနတ် ၁ လက်၊ ကျည် အတောင့် ၁၂၀ နှင့်အတူ အလင်းဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားကို ABSDF အမှတ် ၂ စစ်ကြောင်းမှ ဂုဏ်ပြု ဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး လုံခြုံရာနေရာသို ပိုဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်သားများသည် လမ်းသွားလမ်းလာ ပြည်သူများကို အနိုင်ကျင့်ခြင်း၊ ဆဲဆိုကြိမ်း မောင်းခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း ၊ အထက်အရာရှိများကလည်း တပ်ဖွဲအတွင်းရှိ လက်အောက်ငယ်သားများကို အနိုင်ကျင့်နှိပ်စက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း၊ ထိုးကြိမ်ရိုက်နှက် ခြင်း၊ နှိမ့်ချခွဲခြားဆက်ဆံခြင်းတိုကို ၎င်းကိုယ်တိုင်လည်းတွေ့မြင်ခံစားခဲ့ရသဖြင့် ပြည်သူလူထုနှင့် တသားတည်း ရပ်တည်ရန် ABSDF တာဝန်ရှိသူများကို ဆက်သွယ်ကာ ထွက်ပြေးခိုလှုလာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး – ABSDF အနေဖြင့် ပြည်သူ့ဖက်မှ ရပ်တည်လိုသော အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို တော်လှန်လိုသော စစ်ကောင်စီ တပ်သားများ ကို နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article