25 C
Yangon

မုံရွာမြို့ စီးပွားရေး တက္ကသိုလ်ရှိ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ကြို့ပင်ကောက်တွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို တိုက်ခိုက်မှု ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စီးပွားရေး တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ၁ နာရီကြာ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Snipe Rangers Force (Local- PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ် အတွင်းရှိ စီပွားရေး တက္ကသိုလ် ကျောင်းဝင်းထဲ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး ပူးပေါင်း အင်အား ၂၀၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ငယ်၊ စက်ကလေး၊ ၆၀ မမ၊ ၄၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ ထိတွေ့ တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်ခဲ့မှုကို For July 16 စစ်ဆင်ရေး အဖြစ် Snipe Rangers Force က ပါဝင်တိုက်ခိုက်ခဲ့ပြီး ဒေါင်းပြောက်ကျားတပ် ၊ မုံရွာခရိုင် တပ်ရင်း ၂၇ ၊ GOS တပ်ဖွဲ့ တို့နှင့် မဟာမိတ် တပ်ဖွဲ့ ၃ ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အရှေ့ကုန်းရွာထိပ် ဗျူဟာလမ်းပေါ်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများစီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေ ဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ရင်းမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၉ ရက် ညနေ ၆ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဘက်မှ ကွင်းကျောင်းရွာဘက် သို့ အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၃၀ ကျော်ပါ ကားတစ်စီးကို အရှေ့ကုန်းရွာထိပ် ဗျူ ဟာ လမ်းပေါ်အရောက် ချုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“M4 နဲ့ပစ်တာ ကားပေါ်က ၂ ကောင်ကျသွားတာ၊ သေတာနဲ့ ဒဏ်ရာရသူတွေ များနိုင်တယ်။ သူတို့ ကို ပစ်ပြီးတော့ ကျနော်တို့ရဲဘော်တွေ ပြန်ဆုတ်လာခဲ့တာပါ၊ ကွင်းကျောင်းရွာ ဘုန်းကြီးကျောင်းမှာ ရွာသားတွေကို ဖမ်းထးတယ်၊ တိုက်ခိုက်ခံရပြီးတော့ ဒေသခံတွေကို ဘုန်းကြီးကျောင်းမှာ အကုန်ခေါ လိုက်တယ်၊ သတင်းမသိအောင်လို့ လုပ်တာပေါ့” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ရင်းမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၁ Dragon Brothers GBK PDF မှ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မုံရွာမြို့ စီးပွားရေး တက္ကသိုလ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article