26 C
Yangon

ချောင်းဦးမြိုပေါ်ရှိ ပြည်သူ့နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးတင်ရှိ ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုပေါ်ရှိ ပြည်သူ့နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးတင်ရှိဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။

ဧပြီလ ၁၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲဝင်များက ချောင်းဦးမြို၊ ပွဲရပ်အနောက်ပိုင်း ၂ နေရာမှ နေအိမ်များကို မီးတင်ရှိခဲ့ကြောင်း၊ အနီးအနားမှ ရပ်ကွက်ပြည်သူများက ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ခြင်းကြောင့် မီးညွန့်ကျိုးသွားခဲ့သော်လည်း ညဉ့်နက်သည်အထိ မီးကြွင်းမီးကျန်များက လောင်ကျွမ်းခဲ့ကြောင်း၊ စစ်တပ်က မြိုပေါ်တွင် ကင်းလှည့်နေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ့နေအိမ်များကို မီးရှိခြင်းဖြင့် လက်တုံပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတိုဘက်ကကားနဲ့ကင်းလှည့်နေတာကို တော်လှန်ရေးတပ်ဖွဲတွေက သေနတ်နဲ့ဝိုင်းပစ်လို မြိုပေါ်က မဆိုင်တဲ့ ရပ်ကွက်တွေကို မီးတင်ရှိတာ။ နေအိမ် ၅ လုံးလောက်တော့ ပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ချောင်းဦးမြိုပေါ်တွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ နေ အိမ်များကို ဖောက်ထွင်းလုယက်ခြင်း၊ နေအိမ်များကို မီးရှိခဲ့ခြင်းများ မကြာခဏဆိုသလို ကျူးလွန်နေကြောင်း ဒေသပြည်သူများက ဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article