25 C
Yangon

ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးအတွက် ကွန်မန်ဒိုတပ်ဖွဲ ဖြင့် ထပ်မံ အင်အားဖြည့်တင်း

Must read

ရန်ကုန်၊ ဧပြီ ၁၂

ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲများက ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီမြိုကို သိမ်းပိုက်လိုက်ပြီးနောက် ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကို ကြည်း၊ ရေ၊ လေ တပ်ဖွဲဝင်များဖြင့် လုံခြုံရေးတိုးမြှင့်လျက်ရှိသည်။

ဧပြီလ ၁၁ ရက်နေ့မှစတင်ပြီး မြ၀တီမြိုသည် စစ်ကောင်စီတပ်ဖွဲဝင်များမရှိတော့ဘဲ KNU ဦးဆောင်သော တော်လှန် ရေးမဟာမိတ် ပူးပေါင်းတပ်များလက်အောက်သို ကျရောက်သွားရာ ထိုင်းအစိုးရနှင့် စစ်တပ်က အခြေ အနေများကို အနီးကပ်စောင့်ကြည့်ပြီး လုံခြုံရေးများ တိုးမြှင့်ထားကြောင်း၊ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် မြ၀တီမြိုစောင့်တပ် ခလရ ၂၇၅ မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂၀၀ က ထိုင်းနိုင်ငံတွင် ခိုလှုခွင့်ရရှိရန် တောင်းခံလျက်ရှိသည်။

ထိုင်းအစိုးရနှင့် စစ်တပ်က ယမန်နေ့ ညနေပိုင်းတွင် ထိုင်းအထူးကွန်မန်ဒိုတပ်ဖွဲကို စေလွှတ်၍ ထိုင်း-မြန်မာနယ် စပ် လုံခြုံရေးကို အင်အားဖြည့်ထားကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။

ထိုင်းနိုင်ငံသို ခိုလှုခွင့်တောင်းခံနေသော ခလရ ၂၇၅တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲဝင် ၂၀၀ မှာ ဧပြီလ ၁၀ ရက်နေ့ ညပိုင်း ပထမညကိုလည်းကောင်း၊ ဧပြီလ ၁၁ ရက်နေ့ ညပိုင်းတွင် ဒုတိယညကိုလည်း ကောင်း အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်ဝင်းအတွင်း ဖြတ်သန်းလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article