34 C
Yangon

ခံစစ်ပြင်ထားသော ခလရ ၂၇၅ မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ပိတ်မိနေဆဲ၊ ထိုင်း-မြန်မာ နယ်စပ်နှင့် မြ၀တီမြို့ပေါ် နောက်ဆုံးအခြေအနေများ

Must read

ခံစစ်ပြင်ထားသော ခလရ ၂၇၅ မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ပိတ်မိနေဆဲ၊ ထိုင်း-မြန်မာ နယ်စပ်နှင့် မြ၀တီမြို့ပေါ် နောက်ဆုံးအခြေအနေများ

ရန်ကုန်၊ ဧပြီ ၁၂

ကရင်ပြည်နယ်၊ မြ၀တီမြို့ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီးနောက် ယနေ့ ဒုတိယနေ့ နံနက်ပိုင်း မြ၀တီမြို့ပေါ်တွင် စျေးဆိုင်တချို့ ပြန်လည် ဖွင့်လှစ်ပြီး ပုံမှန်အတိုင်း သွားလာနေကြသည်။

အမှတ် ၁​ မြ၀တီ ချစ်ကြည်ရေးတံတားကို ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး အမှတ် ၂ ချစ်ကြည်ရေးတံတားကိုမူ ယာယီ ဖွင့်လှစ်ပေးခဲံ့ကာ ပိတ်မိနေသော ကုန် ကားများ ဖြတ်သန်းနေကြောင်း ထိုင်းသတင်းတစ်ရပ်အရ သိရှိရသည်။

ခလရ ၂၇၅ မှ ထွက်ပြေးသွားသော စစ်သား အင်အား ၂၀၀ မှာ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင်ပင် ဆက် လက် ပိတ်မိနေဆဲဖြစ်ပြီး တော်လှန်ရေးတပ်များက လည်း လာရောက်တိုက်ခိုက်ခြင်း မရှိကြောင်း၊ ထိုင်းနိုင်ငံတွင် ခိုလှုံခွင့်ရရှိရေးလည်း ဆက်လက် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များဘက်ကလည်း ပိတ်မိနေသော စစ်သားများ လက်နက်ချရန် ကမ်းလှမ်းမှုများ ရှိကြောင်း သိရှိရသည်။

ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Panpree Phitthanukorn ကလည်း ယနေ့တွင် ထိုင်း-မြန်မာနယ်စပ်သို့ လာရောက်ပြီး အမှတ် ၁ တံတားနှင့် အမှတ် ၂ တံတားကို စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article