28 C
Yangon

ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး တိုက်ခိုက်ခံရ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၅၈ ဦး အရှင်ဖမ်းမိ

Must read

ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး တိုက်ခိုက်ခံရ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၅၈ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဧပြီ ၁၂

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ ရာ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းခံရပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် ၅၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ကလလတ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဧပြီလ ၁၁ ရက် နံနက် ၄ နာရီခန့်က ဘောလခဲမြို့နယ်ဘက်မှ ဖားဆောင်းမြို့ဘက်သို့ စစ်ကူပေးရန် ချီတက်လာသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ်ခြေလျင် စစ်ကြောင်းကို ပါပူရွာအနီးတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ တိုက်ခိုက်ချေမှုန်းခဲ့ရာ တပ်ရင်းမှူး၊ ဒုတပ်ရင်း မှူးအပါအဝင်စစ်သားအများအပြားအရှင်ဖမ်းမိပြီး စစ်ကြောင်းတစ်ခုလုံး တိုက်ခိုက်ချေမှုန်း လိုက်နိုင် ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ တနေကုန်တိုက်ပွဲဖြစ်တာ။ လက်နက်သိမ်းတာတို့ သုံ့ပန်းဖမ်းမိတာတို့က အတိအကျ မသိရ သေးဘူး၊ ဘောလခဲဘက်ကနေ တက်လာတာ။ စစ်ကြောင်းတစ်ခုလုံးကို ဖမ်းလိုက်ပြီ။ တပ်ရင်းမှူး ရော ဒုရင်းမှူးရောပဲ ၅၈ ယောက်၊ သုံ့ပန်းဒဏ်ရာရတာတစ်ချို့တော့ရှိပါတယ်၊ ကျနော်တို့ရဲဘော်တွေ ဆေးကုပေးနေတယ်။ ကျနော်တို့ဘက်က ရဲဘော်တွေထိခိုက်ဒဏ်ရာရတာမျိုးတော့ လေလောဆယ် မကြားမိသေးဘူး” ဟု ကလလတ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး – ကလလတ ၊ ကရင် နီတပ်မတော် – KA ၊ ကြယ်ဖြူတပ်ဖွဲ့ – KNSO ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ – KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းနှင့် ခလရ ၁၃၅ တပ်ရင်း တို့ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ၂ လကျော်ကြာမြင့်နေပြီဖြစ် ပြီး အကြမ်းဖက်စစ်တပ်က အထိနာနေသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ မြို့၏ ၈၀ ရာခိုင်နှုန်းခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article