25 C
Yangon

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် အထိုင်ချထားသော နေရာများကို လက်နက်ကြီး ဒရုန်းတို့ဖြင့် တိုက်ခိုက်၊ တန့်ဆည်မြို့နယ်တွင် စစ်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် အထိုင်ချထားသော နေရာများကို လက်နက်ကြီး ဒရုန်းတို့ဖြင့် တိုက်ခိုက်၊ တန့်ဆည်မြို့နယ်တွင် စစ်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ ထားသော နေရာများကို လက်နက်ကြီး ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Freedom Revolution Force (FRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် Freedom Revolution Force (FRF) အဖွဲ့ နှင့် မဟာမိတ်အဖွဲ့များက ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်နေရာချ ထားသော မီးသတ်ရုံးနှင့် ရဲစခန်းများကို လက်နက်ငယ်များ၊ ၄၀ မမ ဗုံးသီးများဖြင့်ဝင်ရောက် ပစ်ခတ်ခဲ့ပြီး Drone ဖြင့် ၈၀ မမ Drop Bomb ၈ လုံးတို့ကျဲချ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်မှု များစွာရှိနိုင်ကြောင်း သိရှိရသည်။

“ဧပြီလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်လောက်က ကျွန်တော်တို့ Freedom Revolution Force (FRF) အဖွဲ့နဲ့အတူ မဟာမိတ်အဖွဲ့တွေက ဒီပဲယင်းမြို့ပေါ်မှာရှိ အကြမ်းဖက် စစ်တပ် အထိုင်ချထားတဲ့ မီးသတ်ရုံးနဲ့ ရဲစခန်းကို လက်နက်ငယ်များ၊ ၄၀ မမ ဗုံးသီးများဖြင့် ဝင်ရောက်ပစ်ခဲ့တယ်။ Drone နဲ့လည်း ၈၀ မမ Drop Bomb ၈ လုံး ကျဲချတိုက်ခိုက်ခဲ့တယ်။ စစ်ခွေး သေဆုံးမှုတော့ မသိရသေးဘူး” ဟု Freedom Revolution Force (FRF) အဖွဲ့မှ တာဝန်ရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) နှင့် ဒီပဲယင်းမြို့နယ် ပကဖ၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ ၊ DPY ဖီးနစ်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွှေချောင်းဆုံ အထိုင်စခန်းမှ ထွက်လာသော စစ်သားနှင့် ပျူစောထီးများ ကင်းပုန်းဝပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Taze Revolution Force – TRF အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၀ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ ရွှေချောင်းဆုံ အထိုင်တပ်မှ ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သားနှင့် ပျူစောထီး ၁၀ ဦးခန့်ကို များကို Taze Revolution Force – TRF အဖွဲ့မှ Drone ဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article