28 C
Yangon

ထိုင်းလေပိုင်နက်အတွင်းသို့ မြန်မာစစ်လေယာဉ်များ ကျူးကျော်လာပါက ချက်ချင်း တုံ့ပြန် ပစ်ခတ် အရေးယူရန် ထိုင်းစစ်တပ်နှင့်လေတပ်ကို ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

Must read

ထိုင်းလေပိုင်နက်အတွင်းသို့ မြန်မာစစ်လေယာဉ်များ ကျူးကျော်လာပါက ချက်ချင်း တုံ့ပြန် ပစ်ခတ် အရေးယူရန် ထိုင်းစစ်တပ်နှင့်လေတပ်ကို ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

ရန်ကုန်၊ ဧပြီ ၁၃

ထိုင်းလေပိုင်နက်အတွင်းသို့ မြန်မာစစ်လေယာဉ်များ ကျူးကျော်လာပါက ချက်ချင်း တုံ့ပြန် ပစ်ခတ် အရေးယူရန် ထိုင်းဝန်ကြီးချုပ် Settha Tawisin က ထိုင်းစစ်တပ်နှင့်လေတပ်ကို အမိန့်ပေး ညွှန်ကြားလိုက်ကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။

ဧပြီလ ၁၁ ရက်နေ့ညပိုင်းတွင် ထိုင်းကာကွယ်ရေးဝန်ကြီး Suthin Klangsaeng က တော်ဝင် အမိန့်ကြေညာချက် တစ်ရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ကြောင်း၊ အဆိုပါ အမိန့်ကြေညာချက်တွင် မြန်မာစစ်ကောင်စီ၏ တိုက်လေယာဉ်များက ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်လာပါက ၅ မိနစ်အတွင်း ချက်ချင်း တုံ့ပြန်တိုက်ခိုက်ရန် ကာကွယ်ရေးဝန်ကြီးက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်က ထိုင်းစစ်တပ်နှင့်လေတပ်မှ အကြီးအကဲများနှင့် စကားပြောဆိုထားကြောင်း၊ လက်ရှိတွင် အခြေအနေမှာ ထိန်းချုပ်နိုင်သော အနေအထားတွင်ရှိနေကြောင်း၊ ထိုင်းလေပိုင်နက်နှင့် ထိုင်းနယ်မြေကို ထိပါး အသုံးပြုမှုမှန်သမျှကို လုံး၀ လက်ခံမည်မဟုတ်ကြောင်း ၊ ထိုင်း-မြန်မာနယ်စပ်အရေးနှင့်ပတ်သက်ပြီး အချိန်တိုင်း စောင့်ကြည့် ညွှန်ကြားနေကြောင်း ပြောဆိုသွားသည်။

Photo- File Photo

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ထိုင်းလေပိုင်နက်အတွင်း #မြန်မာစစ်လေယာဉ်များ #ထိုင်းစစ်တပ်နှင့်လေတပ်ကို ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article