25 C
Yangon

တနင်္သာရီမြို့နယ်တွင် လမ်းကင်း စောင့်နေသော စစ်သားများနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး

Must read

တနင်္သာရီမြို့နယ်တွင် လမ်းကင်း စောင့်နေသော စစ်သားများနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာနှ့င်ညောင်ပင်ကုန်းရွာကြားတွင် လမ်းကင်း စောင့်နေသော စစ်သားများနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်က တနင်္သာရီဘက်မှ မြိတ်မြို့နယ်ဘက်သို့ ဆင်းလာသော အကြမ်းဖက်စစ်ယာဉ်တန်းကို လမ်းကင်းယူပေးရန် ဘန်းလမွတ်ရွာနှင့် ညောင်ပင် ကုန်းရွာကြား၌ လမ်းကင်းယူနေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၈ နာရီ မိနစ် ၂၀ အချိန်တွင် တနင်္သာရီမြို့နယ်၊ဘန်းလမွတ်ရွာဘက်သို့ ဦးတည် ချီ တက်လာသော အကြမ်းဖက်စစ်ကား ၃ စီးကို ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခဲ့ပြီး အကြမ်းဖက် စစ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှာအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်ပကဖအဖွဲ့၊ တောဗုံးကြီးအဖွဲ့နှင့် ပုလောပကဖအဖွဲ့တို့ မှ ဦးဆောင်ပါဝင်ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တနင်္သာရီမြို့နယ် #စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article