28 C
Yangon

ဧရာဝတီ၊ ကျုံ‌ပျော်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးဆောင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ဧရာဝတီ၊ ကျုံ‌ပျော်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးဆောင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၃

ဧရာဝတီတိုင်း၊ ကျုံ‌ပျော်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးဆောင်းကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – သတင်းပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကျုံပျော်မြို့နယ်၊ မဲဂရက်ကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖိုးဆောင်းကို ရွာသစ်ကုန်းကျေးရွာအနီး လမ်းပိုင်းတွင် ပုသိမ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖိုးဆောင်းသည် စစ်ကောင်စီ၏ မတရားအာဏာသိမ်းပြီး ကာလမှ အုပ်ချုပ်ရေးမှူး ဖြစ်လာသော စစ်ထွက်လူမိုက်ဖြစ်ပြီး အကြမ်းဖက် စစ်တပ်ခိုင်းစေသည့်အတိုင်း ပြည်သူများကို ခြိမ်းခြောက်အနိုင်ကျင့် ငွေကြေးတောင်းခံခြင်း၊ လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်ခြင်း၊ စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ကျေးရွာနေပြည်သူများအား မတရားငွေကြေးတောင်းခံခြင်းများပြုလုပ်နေသူလည်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ အလိုကျ ပြည်သူများကို ဒုက္ခပေးနေသည်များကို ဆက်လက် မလုပ်ဆောင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အကြိမ်ကြိမ် သတိပေးသော်လည်း လိုက်နာခြင်းမရှိဘဲ စစ်မှုထမ်းဥပဒေအား ပြတ်ပြတ်သားသားပုံဖော်မည်ဟု ကြွေးကြော်ကာ ဆက်လက်ဆောင်ရွက်နေသည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – သတင်းပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ဧရာဝတီတိုင်းအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများသည် စစ်ကောင်စီ အလိုကျ ပြည်သူ့စစ် ဖွဲ့စည်းရန် ပြည်သူများအား အဓမ္မခြိမ်းခြောက် ဖိအားပေးလုပ်ဆောင်ပါက ဆက်လက် ပစ်ခတ် တိုက်ခိုက်သွားမည်ဟု ပုသိမ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်း #မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးဆောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article