25 C
Yangon

မင်းတပ်မြို့နယ်မှာ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ၃ လအတွင်း လူ ၃ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ ၊ နေအိမ်နှင့်အဆောက်အုံ ၅၀ ကျော် ပျက်စီး

Must read

မင်းတပ်မြို့နယ်မှာ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ၃ လအတွင်း လူ ၃ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ ၊ နေအိမ်နှင့်အဆောက်အုံ ၅၀ ကျော် ပျက်စီး

ရန်ကုန်၊ ဧပြီ ၁၄

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မတ်လအထိ ၃ လတာအတွင်း စစ်ကောင်၏ လေ ကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် လူ ၃ ဦးသေဆုံးပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်နှင့် အဆောက်အဦ ၅၀ ကျော်ပျက်စီးခဲ့တယ်လို့ CDF-Mindat တပ်ဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ၃ လအတွင်း မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်အထိပြုလုပ်ခဲ့ပြီး လူ ၃ ဦးသေဆုံးကာ ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေအိမ်နှင့် အဆောက်အဦ ၄၀ ကျော်ပျက်စီးခဲ့ရကြောင်း၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၂ ဦး ၊ CDF ရဲဘော် ၁ ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၁၀ ဦး နဲ့ CDF ရဲဘော် ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၉ လုံး၊ ဘုရားကျောင်း ၃ ဆောင်၊စာသင် ကျောင်း ၂ ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အများပြည်သူသွားလာတဲ့ လမ်းတွေမှာ မြေမြုပ်မိုင်းတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားတာကြောင့် ၃ လတာအတွင်း လူ ၃ ဦး ထိုခိုက်ဒဏ်ရာရရှိကာ ၂ ဦးမှာ ခြေတစ်ဖက်စီ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် တောမီးတွေလည်း လောင်ကျွမ်းခဲ့ပြီး သဘာဝပတ်ဝန်းကျင်တွေလည်း ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article