34 C
Yangon

ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် စစ်ဘေးရှောင် ထောက်ပံ့ရေး ရန်ပုံငွေပွဲ ပြုလုပ်

Must read

ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် စစ်ဘေးရှောင် ထောက်ပံ့ရေး ရန်ပုံငွေပွဲ ပြုလုပ်

ရန်ကုန်၊ဧပြီ ၁၄

ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီက ကမကထပြု၍ “ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်”ပွဲကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် မြန်မာမုန့် ၁၂ မျိုးခန့်ကို အလှူရှင်များနှင့် တော်လှန်ရေးအဖွဲ့များက ပြုလုပ်၍ ရန်ပုံငွေအဖြစ် ရောင်းချရာ ဝမ်ငွေ သိန်း ၁၅၀ ခန့် ရောင်းချခဲ့ရကြောင်း၊ ရန်ပုံငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာ စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ တော်လှန်သင်္ကြန်ပွဲတွင် မြန်မာ့ရိုးရာ သနပ်ခါး လိမ်းသည့်အစီအစဉ်နှင့် သင်္ကြန် အဆိုအက ယိမ်း Rainbow တီးဝိုင်းဖျော်ဖြေရေး အစီအစဉ်များ ပြုလုပ်ခဲ့ပြီး ကိုရီးယားရောက် မြန်မာ ၂၀၀၀ ကျော် လာရောက် အားပေးပြီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article