25 C
Yangon

စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ မုံရွာ -ပုသိမ် လမ်းပိုင်းတွင်လည်း စစ်သားများ လိုက်ပါလာသော ကား ၄ စီးကို ပစ်ခတ် တိုက်ခိုက်

Must read

စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ မုံရွာ -ပုသိမ် လမ်းပိုင်းတွင်လည်း စစ်သားများ လိုက်ပါလာသော ကား ၄ စီးကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၄

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ နံနက် ၂ နာရီခန့်တွင် စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ- စလင်း) က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တညောင် ရဲစခန်း ဗဟိုကင်းပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ရဲ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် တညောင်စခန်းမှ လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်နေပြီး လုံခြုံရေး ထပ်မံတင်းကျပ် ဖြည့်တင်းထားကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မုံရွာ-ပုသိမ်လမ်းပေါ်တွင် အကြမ်းဖက်စစ်သားများလိုက်ပါ လာသည့် ကား ၄ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မင်းဘူး ခရိုင် အမှတ် ၅ တပ်ရင်းထံမှ သိရသည်။

ဧပြီလ ၁၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က စလင်းမြို့နယ်၊ ခင်ပလူရွာဘက်မှ ပုသိမ် – မုံရွာလမ်း အတိုင်းမြောက်ဘက်သို့ ထွက်လာသော စစ်ကား အကြီး ၁ စီး နှင့် အိမ်စီးကား ၃ စီးကို မြောင်းသစ် ကျေးရွာ အနီး အရောက် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိ အခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် စလင်း -ကံပြားလမ်း၊ ကံပြား-ကျွန်းတောလမ်း၊ ကံပြား – ကန်စွန်းမ တို့ကို သွားလာခြင်းမပြုကြရန်နှင့် ယင်းလမ်းကို အသုံးပြု သွားလာခြင်းမပြုလုပ်ကြရန် အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article