25 C
Yangon

နေပြည်တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ တောတွင်းစခန်းတစ်နေရာတွင် လွမ်းဆွတ်ဦးညွှတ်ခြင်း အခမ်းအနားပြုလုပ်

Must read

နေပြည်တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ တောတွင်းစခန်းတစ်နေရာတွင် လွမ်းဆွတ်ဦးညွှတ်ခြင်း အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဧပြီ ၁၄

နေပြည်တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ တောတွင်းစခန်းတနေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ နေပြည်တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ပျဉ်းမနားမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့မှ ရဲဘော်ဘုန်းမြတ်ကို၊ ရဲဘော်လမင်းမောင်၊ ရဲဘော်ဘီလုံး၊ ရဲဘော်ခရေကြီးတို့ ကျဆုံးခြင်း ၁ နှစ်ပြည့် “လွမ်းဆွတ် ဦးညွှတ်ခြင်း” အခမ်းအနားကို ဧပြီလ ၁၄ ရက်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားကို တိုင်းဦးဆောင်အဖွဲ့များ ၊ ခရိုင်/ မြို့နယ်များရှိ တာဝန်ခံများနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ကျဆုံးရဲဘော်များကို လွမ်းဆွတ်အမှတ်တရစကားများ ပြောကြားခြင်း၊ ကဗျာဆရာ နေမိုးဝေး-ရေဆင်းက ကဗျာရွတ်ဖတ်၍ ဦးညွတ်ဂုဏ်ပြုခြင်းနှင့် ဂုဏ်ပြုတပ်ဖွဲ့မှ ကျဆုံးရဲဘော်များကို အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article