25 C
Yangon

ချောင်းဦး နှင့် စစ်ကိုင်းမြို့နယ်တွင် ရဲစခန်းနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ငါယှန်ကျေးရွာကြားတွင် ကင်းပုန်းစစ်သား များနှင့် စစ် သားများ လိုက်ပါလာသည့် အိမ်စီးကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်တစ် ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း People’s Defense Force – South Monywa မှ Daung Karyen က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ဧပြီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်အချိန် ချောင်းဦးမြို့နယ်၊ နတ်ရေ ကန်ဂိတ်မှ အကြမ်းဖက်စစ် သားများသည် နတ်ရေကန်ကျေးရွာနှင့် ငါယှန်ကျေးရွာကြား၌ ကင်းပုန်းဝပ်ရန် မိုင်းကွင်းပေါ်ရပ်နေ စဉ် မိုင်း ၂ လုံးပွိုင့် တစ်ပွိုင့်ဖြင့် လည်းကောင်း၊ ထို့နောက် မြင်းမူဘက်မှ အကြမ်းဖက်စစ် သားများ လိုက် ပါလာသော ရွှေငါးကားတစ်စီးထပ်မံရောက်ရှိလာသဖြင့် မိုင်း ၂ လုံးပွိုင့်တစ်ပွိုင့်ဖြင့် လည်း ကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ သိရသည်။

“မိုင်းဆွဲတဲ့နေရာမှာ ၂ ဦးသေတယ်၊ ကျန်တဲ့ ၃ ဦးက ချောင်းဦးရောက်မှ ထပ် သေတာ။ သေတဲ့အထဲ မှာ အရာခံဗိုလ်တစ်ဦးပါတယ်လို့ သိရတယ်။ ကားက မိုင်း ဆွဲတဲ့နေရာမှာပဲ ပျက်သွားလို့ ညနေ ၄ နာရီ ခွဲလောက်မှ ကားကို ချောင်းဦးဘက်ဆွဲသွားတာ။ ကင်းပုန်းက အခုမိုင်းဆွဲလိုက်တဲ့ကားကို လာစောင့်တာပါ။ စစ်ခွေးတွေ ရမ်းသမ်းပစ်ခတ်လို့ နတ်ရေကန်ထဲက ပြည်သူတစ်ဦး ထိခိုက်ဒဏ် ရာရရှိတယ်လို့ သိရပါတယ်” ဟု မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း People’s Defense Force – South Monywa မှ Daung Karyen က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ထိုသို့ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ အရာခံဗိုလ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး သေဆုံးအကြမ်းဖက်စစ်သားများကို ချောင်း ဦးမြို့သို့ သယ်ဆောင်သွားကြောင်း၊ မိုင်းဆွဲ ခံရပြီးနောက် အနီးအနားရှိ ပြည်သူများကို ၂ ကြိမ် ဖမ်းဆီးခဲ့ပြီး ပထမတစ်ကြိမ် ဖမ်းဆီးသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defense Force – South Monywa တပ်ခွဲ ၁ ၊နွေဦးလူငယ်People’s Defense Force၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defense Force နှင့် Pentagram တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား၊ ရဲ များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မင်း ကွန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန် အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ရာ ဧပြီလ ၁၃ ရက် နေ့လည်ပိုင်းအထိ ကြာမြင့်ခဲ့ပြီး ရဲစခန်းဆိုင်းဘုတ်အနီးအထိ ချဉ်းကပ်နိုင်ခဲ့ကာ အကြမ်း ဖက် စစ်သား၊ ရဲ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“သေချာအစီအစဉ်ဆွဲပြီး အင်အား အလုံးအရင်းနဲ့ ဝင်တိုက်ခဲ့တာပါ။ ၁၂ ရက်နေ့ကစပြီး ၁၃ ရက်နေ့ အထိ ကြာခဲ့တယ်၊ထိခိုက်မှုရှိနိုင်ပေမယ့် အတိအကျ မသိရဘူး၊ စခန်းဆိုင်းဘုတ်နားအထိ ရောက်ခဲ့ တာ၊ စခန်းမှာက Jammer တွေအရမ်းအားကောင်းပြီး ဒရုန်းတွေ တိုးမရလို့ ပြန်ဆုတ်ခဲ့ရတာ၊ Scout Drone ထောက်ရတာကို အဆင်မပြေခဲ့တာ၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဒရုန်းနှစ်စီးဆုံးရှုံခဲ့ပါ တယ်။ အသေးတစ်စီးနဲ့ လေးလက်ဒရုန်းအကြီးတစ်စီးဆုံးရှုံးခဲ့တာပါ၊ အဲဒီအတွက်လည်းမိဘပြည်သူ တွေအနေနဲ့ ပြန်လည် အားဖြည့်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု မင်းကွန်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း မတ္တရာမြို့နယ်၊ နန်းတော်ကျွန်း၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်က လက် နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ကင်းရွာနေပြည်သူတစ်ဦးနှင့် ဈေးဆိပ်ရွာနေ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးစိုးရိမ်ရကြောင်း၊ ထို့အပြင် စစ်ကိုင်းမြို့တပ်မ ၃၃ မှ အကြမ်း ဖက်စစ်သားများကလည်း ကားများဖြင့် စစ်ကူရောက်ရှိလာကာ အင်အားဖြည့်ထားကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းကွန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Acid LPDF ၊ Royal Falcon ၊ Phoenix Sgg ၊ ဒိုင်းနမိုက် ၊ ကိုးတောင်ကျား၊ နယ်စည်းမခြား ဗိုလ်ပျံလွှား ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၃ နှင့် အင်းလေးသား ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရဲစခန်းနှင့် စစ်ကြောင်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article