37 C
Yangon

လောင်းလုံးတွင် တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီးသည်ဟု ကြွေးကြော်နေသော ပျူစောထီးခေါင်းဆောင် အောင်ခင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

လောင်းလုံးတွင် တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီးသည်ဟု ကြွေးကြော်နေသော ပျူစောထီးခေါင်းဆောင် အောင်ခင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှန်းရွာတွင် တုတ်ပြီး၊ ဓားပြီး၊ သေ နတ်ပြီးသည်ဟု ကြွေးကြော်နေသော ပျူစောထီးခေါင်းဆောင် အောင်ခင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း Launglone People Defense Force-LLPDF ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၁၄ရက်နေ့ ည ၇ နာရီအချိန် လောင်းလုံးမြို့နယ်တွင် တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီးသည်ဟုကြွေးကြော်ထားသူ စမ်းလှန်းရွာနေ ပျူစောထီးခေါင်းဆောင် အောင်ခင်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားပြီး ပျူစောထီး ခေါင်း ဆောင်၏ ဇနီးဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ရှင်းလင်းပြီးနောက် ၎င်း၏နေအိမ်အတွင်း ဝင်ရောက် ရှာဖွေခဲ့ရာ အီကွေးမန့်တစ်စုံ လက်ပစ်ဗုံး ၁ လုံး ဓါးတို ၂ ချောင်း ၊ အရှည် ၁ ချောင်း ၊ ပျူစောထီးကဒ်ပြားများနှင့် အဆောင် အ ယောင် များသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ပျူစောထီးခေါင်းဆောင် အောင်ခင်သည် တော်လှန်ရေးကာလအတွင်း စစ်ကောင်စီနှင့် ပူးပေါင်းကာ ပင်လယ်ပြင်မှ ငါးဖမ်းလှေများကို ဆက်ကြေးကောက်ခံပေးခြင်း၊ စစ်ကောင်စီ စစ် ကြောင်းများခေါ်ယူပြီး စစ် ကြောင်းထိုးလေ့ရှိခြင်း၊ ပြည်သူများကို လက်ညှိုးထိုး ဖမ်းဆီးခိုင်းခြင်း စသည့် ရာဇဝတ်မှုများ ကျူးလွန်နေသူဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ပျူစောထီးခေါင်းဆောင် အောင်ခင်ကို ရှင်းလင်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် သူ့တွင် အခံရှိပြီး တုတ်ပီး ဓါးပီး သေနတ်ပီး သည်ဟုဆိုကာ ကြွေးကြော်ထား ကြောင်း၊ ၎င်း၏ အမျိုး သမီးသည်လည်း စစ်ကောင်စီနှင့်ပူးပေါင်း လုပ်ကိုင်နေသူဖြစ်ပြီး တာဝါတိုင် စခန်းကုန်းမှ စစ်ကောင်စီများထံ ရိက္ခာ ပို့ပေးခြင်း လိုလေသေးမရှိဖြည့်ဆည်းပေးခြင်း များလုပ် ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပျူစောထီးစာရင်းဝင်သောင်းကျန်းသူများကို အလျဉ်းသင့်သလို တိုက် ခိုက်ရှင်းလင်း သွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးချင်သည့် ပျူစောထီးများ အနေဖြင့် လက်နက်နှင့်တကွ အလင်းဝင် ရောက်ကြရန် လောင်းလုံး (ပကဖ)က အသိပေးထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပျူစောထီးခေါင်းဆောင် အောင်ခင် #လောင်းလုံး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article