28 C
Yangon

ပြင်ဦးလွင်နှင့်နောင်ချိုမြို့နယ်အစပ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရ

Must read

ပြင်ဦးလွင်နှင့်နောင်ချိုမြို့နယ်အစပ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၅

မန္တလေးတိုင်း၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်အစပ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာရှိ စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ကြောင်း၊ ယင်းနောက် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် တောက်လျှောက်ဆိုသလို ပစ်ခတ်နေကြောင်း ၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးအနား ဇာလီကျေးရွာမှ ပြည်သူများ ထိမှန်ဒဏ်ရာရရှိမှုများရှိကြောင်း သိရှိရသည်။

“နောင်ချိုမြို့နယ် သရက်ကုန်းရွာမှာရှိတဲ့ စစ်တပ်စခန်းကို PDFတွေက တက်သိမ်းတာ။ အဲဒါ စစ်တပ်ကလည်း တောက်လျှောက် လက်နက်ကြီးတွေ ပစ်နေတော့ ဇာလီရွာသားတွေတော်တော်များများထိတယ်။ မနက်အစောပိုင်းကတည်းက ဖြစ်နေတာ အခုထက်ထိ မရပ်သေးဘူး။ ပြင်ဦးလွင်ကနေ စစ်တပ်က လက်နက်ကြီးတွေ ဒုံးတွေနဲ့ ပစ်တော့ ရွာသားတွေ အတော်ထိကုန်တယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ မြေပြင်သို့ လည်း စစ်ကူ စစ်ကြောင်းတချို့ လာရောက်နေကြောင်း၊ ကင်း ထောက်ဒရုန်းများကိုလည်း စစ်တပ်က လွှတ်တင်နေကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပြင်ဦးလွင်နှင့်နောင်ချိုမြို့နယ်အစပ် #တိုက်ပွဲဖြစ်ပွား #စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article