30 C
Yangon

ပြင်ဦးလွင် စစ်တက္ကသိုလ်ဝင်းထဲသို့ ရှော့တိုက်ဒုံး ၂ လုံး ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရာရှိကြီး ၂ ဦး အပါအဝင် အရာရှိ၊ ဗိုလ်လောင်းနှင့် စစ်သည် ၁၉ ဦးဒဏ်ရာရ၊ တချို့ အသက်အန္တရာယ်စိုးရိမ်ရ

Must read

ပြင်ဦးလွင် စစ်တက္ကသိုလ်ဝင်းထဲသို့ ရှော့တိုက်ဒုံး ၂ လုံး ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရာရှိကြီး ၂ ဦး အပါအဝင် အရာရှိ၊ ဗိုလ်လောင်းနှင့် စစ်သည် ၁၉ ဦးဒဏ်ရာရ၊ တချို့ အသက်အန္တရာယ်စိုးရိမ်ရ

သေဆုံးပြီဟု သတင်းဖော်ပြခဲ့သည့် ဗိုလ်လောင်း ၂ ဦးမှာ မသေဆုံးသေးဘဲ ဒဏ်ရာ အလွန်ပြင်းထန်၍ ICU တွင် ကုသနေဆဲ

ရန်ကုန်၊ ဧပြီ ၁၅

မန္တလေးတိုင်း၊ ၊ ပြင်ဦးလွင် စစ်တက္ကသိုလ်ဝင်းအတွင်းထဲသို့ ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံး ၂ လုံးထက်မနည်း ပေါက်ကွဲခဲ့ရာ အရာရှိကြီး ၂ ဦး အပါအဝင် အရာရှိ၊ ဗိုလ်လောင်းနှင့် စစ်သည် ၁၉ ဦးဒဏ်ရာရရှိကြောင်း စစ်တပ်၏ ကြေးနန်း သတင်းအရ သိရှိရသည်။

ယမန်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ရှော့တိုက်ဒုံး ၂ လုံးက ဗိုလ်လောင်းသင်တန်းသားများနှင့် အရာရှိကြီးတချို့ အတူရှိနေသော အဆောင်ပေါ်သို့ ကျရောက်ခဲ့ရာ အဆောက်အဦး ထိခိုက်ပျက်စီးပြီး အရာရှိငယ်၊ ဗိုလ်လောင်းနှင့် စစ်သည် ၁၇ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ ထို့ပြင် အရာရှိကြီး ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိသော်လည်း စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။

ရှော့တိုက်ဒုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော အရာရှိ၊ ဗိုလ်လောင်းနှင့် စစ်သည်များကို ပြင်ဦးလွင် စစ်ဆေးရုံတွင် ဆေးကုသမှုပေးနေပြီး အသက်အန္တရာယ်စိုးရိမ်သူတချို့ကို ICU အထူးကြပ်မတ်ကုသဆောင်တွင် ကုသနေရကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ကနဦး ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့သော စစ်တက္ကသိုလ်ဝင်းအတွင်းမှ ဗိုလ် လောင်း ၂ ဦးသေဆုံးခဲ့သည်ဆိုသော သတင်းမှာ အချက်အလက် လွဲချော်နေပြီး ဗိုလ်လောင်း ၂ ဦးမှာ သေဆုံးခြင်းမဟုတ်ဘဲ ဒဏ်ရာ အလွန်ပြင်းထန်၍ ICU တွင် ကုသနေဆဲဖြစ်ကြောင်း၊ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပြင်ဦးလွင် စစ်တက္ကသိုလ်ဝင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article