38 C
Yangon

မြ၀တီမြို့၊ သင်္ဃန်းညီနောင်တပ်စခန်းတွင် စစ်ကောင်စီအလံကို ဖြုတ်ချ မီးရှို့ပြီး ကရင်အမျိုးသားအလံကို KNU က လွှင့်တင်

Must read

မြ၀တီမြို့၊ သင်္ဃန်းညီနောင်တပ်စခန်းတွင် စစ်ကောင်စီအလံကို ဖြုတ်ချ မီးရှို့ပြီး ကရင်အမျိုးသားအလံကို KNU က လွှင့်တင်

ရန်ကုန်၊ ဧပြီ ၁၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ သင်္ဃန်းညီနောင် တပ်စခန်းတွင် စစ်ကောင်စီအလံကို ယနေ့တွင် ဖြုတ်ချမီးရှို့လိုက်ပြီး ကရင်အမျိုးသားအလံတော်ကို KNU က လွှင့်တင်ကြောင်း ထိုင်းသတင်းဌာန The Reporters က သတင်းဖော်ပြ သည်။

ဧပြီလ ၁၁ ရက်နေ့တွင် KNLA ဦးဆောင်သော မဟာမိတ် တော်လှန်ရေးတပ်များက ခလရ ၂၇၅ ကိုလည်း ကောင်း၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်များကို မတ်လနှောင်းပိုင်းနှင့်ဧပြီလဆန်းပိုင်းတွင်လည်း ကောင်း အသီးသီးသိမ်းပိုက်ခဲ့ပြီးနောက် မြ၀တီမြို့တွင် စစ်ကောင်စီတပ်များ မရှိတော့ဘဲ ထွက်ပြေးသွားကြကြောင်း၊ ယနေ့ ကရင်အမျိုးသား အလံတင်မှုကို ကော်ဘရာစစ်ကြောင်းက ရဲဘော်များက လုပ်ဆောင်ခဲ့ကြပြီး သင်္ဃန်းညီနောင်နှင့် ခလရ ၂၇၅ အတွင်းတွင်လည်း ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များက လုံခြုံရေးယူထားကြောင်း သိရှိရသည်။

မြ၀တီမြို့၏ နောက်ဆုံး မြို့စောင့်တပ်ဖြစ်သော ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ မှာ မြ၀တီ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ ဧပြီလ ၁၀ ရက်နေ့ ညပိုင်းကတည်းက ထွက်ပြေးခဲ့ပြီး ယနေ့ ၅ ရက်မြောက်နေ့အထိ ယင်းတံတားဂိတ်ဝင်းအတွင်း နေထိုင်နေကြဆဲဖြစ်ကြောင်း၊ တံတားဂိတ်ဝင်းအတွင်းတွင် ချက်ပြုတ် စားသောက်နေထိုင်ကြကြောင်း၊ ကတုပ်ကျင်းများတူးထားပြီး ခုံတန်းရှည်များချထားကာ ခုခံစစ်ပြင်ထားကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- The Reporters ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article