38 C
Yangon

အရာတော်မြို့နယ်ရှိ ရွာ ၅ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်သွား၊ အိမ်ခြေ ၁၅၆ လုံး မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၁၆

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၁၃ ရက်နေ့ အရာတော်မြို့နယ် ဝါးတောမ၊ရေယဉ်သာ၊မကျီးစု၊ဘော်ကုန်း၊အောင်ချမ်းသား စသည့်ကျေး

ရွာများသို့ စစ်တပ်က စစ်ကြောင်းထိုးလာပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးကြောင်း၊ ယင်းနောက် ကျေးရွာတိုက်နယ် ဆေးရုံတွင် ဆေးရုံတက်နေသည် လူနာ ၁ ဦးအပါအ၀င် ပြည်သူ ၃ ဦးကို သတ်ဖြတ်သွားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က အရာတော်မြို့နယ်၊ ဝါးတောမရွာတွင် နေအိမ် ၄၃ လုံး၊ စျေးနှင့် ရေစက်အဆောက်အုံကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း၊ ရေယာဉ်သာ ကျေးရွာတွင် နေအိမ် ၃၇ လုံး ၊မ ကျီးစုတွင် အိမ်ခြေ ၄၁ လုံး ၊ ဘော်ကုန်း တွင် ၃၃ လုံး ၊ အောင်ချမ်းသာကျေးရွာတွင် အိမ်ခြေ ၂ လုံးတို့ကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ထို့ပြင်စစ်တပ်က ဒေသပြည်သူများဖြစ်သည့် ဦးစိုးဦး၊ ဦးထွန်းပိုတို့ကိုလည်းကောင်း၊ ဆေးရုံတက်နေသည့် လူနာ ၁ ဦးကိုလည်းကောင်း အသီးသီး ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

“အရာတော်၊ ကမ်းဖြူကျေးရွာမှာ ဧပြီလ ၁၂ ရက်နေ့ က စစ်တပ်က ခံလိုက်ရတဲ့ တိုက်ပွဲအတွက် မဆိုင်တဲ့ အရပ်သားတွေကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့ လက်တုံ့ပြန်နေတာဖြစ်ပါတယ်။ စစ်ခွေးတွေက သူတို့ မနိုင်တဲ့အခါမှာ အဲဒီလိုပဲ လုပ်နေတာ ထုံးစံလိုတောင်ဖြစ်နေပြီ” ဟု အရာတော်မြို့နယ်မှ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်း အရာတော်မြို့နယ် ၊ ကမ်းဖြူကျေးရွာ အနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄၉ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အရာတော်မြို့နယ် #စစ်တပ်က မီးရှို့ #မီးလောင်ပျက်စီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article