37 C
Yangon

မိုးညှင်းတွင် စစ်တပ်က လယ်ကွင်းထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ ည ၈ နာရီ ၄၇ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်က ထန်းတပင်ရွာ နှင့် မြိုင်ရွာ အကြားရှိ လယ်ကွင်းထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည် သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ပြည်သူ ၂ ဦးမှာ မြိုင်ကျေးရွာတွင် နေထိုင်သော ဦးဇော်တူး နှင့် ဦးညိုဝင်းဆိုသူတို့ ဖြစ် ကြောင်း၊ လက်ရှိချိန်တွင်အကြမ်းဖက် စစ်တပ်သည် ပြည်များနေထိုင်ရာ နေရာများကို လက်နက်ကြီးများဖြင့် မကြာ ခဏ ပစ်ခတ်နေသည့်အတွက် အပြစ်မဲ့ အရပ်သား ပြည်သူများ အကြောင်းမဲ့ ထိခိုက် သေဆုံးနေရကြောင်း မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။

ပြည်သူများအနေဖြင့် လက်နက်ကြီး အန္တရာယ်၊ လေကြောင်း အန္တရာယ်များ အချိန်မရွေး ကြုံတွေ့နိုင်သည့် အတွက် အသက်ဘေးလုံခြုံမှုအတွက် အထူးဂရုစိုက်ကြရန် တိုက်တွန်းလိုကြောင်း မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မိုးညှင်း #လယ်ကွင်းထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article