30 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နှင့်လားရှိုးမြို့များသို့ ရာချီသော စစ်သားများကို ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီတပ်က ပို့ဆောင်နေ

Must read

ရန်ကုန်၊ ဧပြီ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နှင့်လားရှိုးမြို့များသို့ ရာချီသော စစ်သားများကို ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီတပ်က ပို့ဆောင်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောဆိုသည်။

ယခုနှစ် မတ်လကုန်မှ စ၍ အကြမ်းဖက်စစ်တပ်က ရာနှင့် ချီသည့် စစ်သားများကို ရဟတ်ယာဉ်ဖြင့် မူဆယ်နှင့် လားရှိုးမြို့များသို့ ပို့ဆောင်ခဲ့ကြောင်း၊ ရှမ်းပြည်မြောက်ပိုင်းမှ မြို့နယ် ၅မြို့နယ်ရှိ ကုန်သွယ်ရေးအဝေးပြေး လမ်းမကြီးများတွင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး အဆိုပါ လုပ်ဆောင်မှုများသည် တရုတ်-မြန်မာ စီး ပွားရေးစင်္ကြံစီမံကိန်းရင်းနှီးမြုပ်နှံမှုများပြုလုပ်ရန် အချိန်မတန်သေးကြောင်း သိသာထင်ရှားစွာ မီးမောင်းထိုးပြနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဧပြီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြောဆိုသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှ စ၍ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ ကွမ်းလုံနှင့် လားရှိုးမြို့နယ်များတွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်နှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့တို့ အပစ်အခတ်ရပ်စဲသည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများသည် ရှမ်းပြည်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံကို ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုဖြစ်သည့် မူဆယ်-သိန္နီ-လားရှိုး အဝေးပြေးလမ်းမကြီးနှင့် သိန္နီ-ချင်းရွှေဟော် အဝေးပြေး လမ်းမကြီးတို့ကို ဦးတည်တိုက်ခိုက်နေခဲ့ကြောင်း သိရှိရသည် ။

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အဆိုပါ ၅ မြို့နယ်ရှိ ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်တွင် ရှိသော မြို့များ၊ ကျေးရွာများမှ ပြည်သူ အနည်းဆုံး ၁၈၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး အဆောက်အအုံ ၃၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပြည်သူ သောင်းနှင့် ချီ၍ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်၍ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးသည့် ပြည်သူများ ရှိနေကြောင်း ၊ အကြမ်း ဖက်စစ်တပ်သည် လက်ရှိအချိန်တွင် လားရှိုးနှင့် မူဆယ်မြို့များကို ထိန်းချုပ်ထားကာ ကချင်လွတ်မြောက်ရေးတပ်မတော်- KIA က ထိန်းချုပ်ထားသည့် မူဆယ်-သိန္နီ အဝေးပြေးလမ်းမ အပိုင်းတွင် KIA နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူများမှာ တိုက်ပွဲများအတွင်း ထောင်ထားသည့် မြေမြှုပ်မိုင်းအန္တရာယ်နှင့် ရင်ဆိုင်နေကြရပြီး မူဆယ်မြို့နယ်အတွင်း ဒီဇင်ဘာ ၂၃ ရက်နေ့မှ ဇန်နဝါရီ ၃၀ ရက်နေ့အထိ မြေမြှုပ်မိုင်းကြောင့် ပြည်သူ ၈ ဦး၊ လားရှိုးမြို့နယ်အတွင်း ဒီဇင်ဘာ ၆ ရက်မှ ၁၃ ရက်နေ့အထိ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စာရင်းများအရ သိရှိရသည်။

မတ်လ ၁၁ရက်နေ့တွင် အကြမ်းဖက်စစ်တပ်နှင့် မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အကြား ချင်းရွှေဟော်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်မည် ဟူသည့် သဘောတူညီချက် ရရှိခဲ့သော်လည်း လားရှိုးနှင့်ဆက်သွယ်ထားသော အဝေးပြေးလမ်းမကြီး တစ်လျှောက်တွင် မတ်လ ၂၆ ရက်နေ့တွင် MNDAA နှင့် အကြမ်းဖက်စစ်တပ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မတ်လကုန်မှ စ၍ အကြမ်းဖက်စစ်တပ်မှ ရာနှင့် ချီသည့် စစ်သားများကို ရဟတ်ယာဉ်ဖြင့် မူဆယ်နှင့် လားရှိုးမြို့များသို့ ပို့ဆောင်ခဲ့ကြောင်းလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ကုန်သွယ်ရေးအဝေးပြေးလမ်းမကြီးများ ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ပြင်းထန်သည့် တိုက်ခိုက်မှုလုပ်ဆောင်နေသည့် ဒေသများကို တိုက်ရိုက်ဆက်သွယ်ထားသည့် မူဆယ် -မန္တလေးအမြန်ရထားလမ်းတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ဆောင်မည့် ကိစ္စမှာ အင်မတန် အန္တရာယ်များကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထောက်ပြ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရှမ်းပြည်နယ်မြောက်ပိုင်း #မူဆယ်နှင့်လားရှိုးမြို့ #ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီတပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article