30 C
Yangon

အီတလီတွင် မြန်မာနှစ်သစ်ကူး တော်လှန်သင်္ကြန်ကျင်းပပြီး နွေဦးတော်လှန်ရေး အတွက် ရန်ပုံငွေရှာဖွေ

Must read

ရန်ကုန်၊ ဧပြီ ၁၆

အီတလီရောက် မြန်မာနိုင်ငံသားများက မြန်မာနှစ်သစ်ကူး တော်လှန်သင်္ကြန်ကျင်းပပြီး နွေဦးတော်လှန်ရေး အတွက် ရန်ပုံငွေရှာဖွေကြောင်း သိရှိရသည်။

ဧပြီလ ၁၄ ရက်နေ့ Reggio Emilia ပြည်နယ် Gattatico မြို့နယ်ရှိ အီတလီနိုင်ငံတော်လှန်ရေးသမိုင်း၏ အထင်ကရနေရာဖြစ်သော Casa Cervi တွင် မြန်မာများနှင့် မိတ်ဆွေ အီတလီများ ၂၀၀ ခန့် တက်ရောက်ပြီး တော်လှန်သင်္ကြန်ဖြင့် ပြောင်းလဲကောင်းမွန်လာမည့် မြန်မာနှစ်သစ်ကိုကြိုဆိုသော ရန်ပုံငွေပွဲ
ကျင်းပခဲ့ ကြောင်း သိရှိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီမှစ၍ Cervi Institute, Maria Cervi ခန်းမတွင် တွေ့ဆုံဆွေးနွေးပွဲ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားမှူးအဖြစ် Italy – Myanmar Friendship Association ဥက္ကဌဟောင်း Carlo Ferrari က ဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုယ်တိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် Cervi Institute ဥက္ကဌ Albertina Soliani ၊ Italy – Myanmar Friendship Association ဥက္ကဌ Rossana Riccò၊ Myanmar Community in Italy မှ သူဇာလင်း၊ Italy – Myanmar Friendship Association ဒုဥက္ကဌ Alberto Botto တို့က မြန်မာ့အရေးအတွက် ပါဝင်ဆွေးနွေးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ Religions For Peace အဖွဲ့ ဥက္ကဌ Luigi De Salvia မှ ဦးဆောင်ပြီး မြန်မာနှစ်သစ်အတွက် ဘာသာစုံဆုတောင်းခြင်းအစီအစဥ်ကိုလည်းပြုလုပ်ခဲ့ကြောင်း၊ မြန်မာ့ရိုးရာ၊ သင်္ကြန်ရိုးရာ၊ တော်လှန်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ အဆို အကများ၊ သီချင်းများဖြင့် တင်ဆက်သွားခဲ့ကြပြီး မြန်မာရိုးရာအစားအသောက်များ၊ မြန်မာပစ္စည်းများနှင့် T Shirts များကို ရန်ပုံငွေအတွက် ရောင်းချကာ ရာနှုန်းပြည့် လှူဒါန်းသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြန်မာနှစ်သစ်ကူး တော်လှန်သင်္ကြန် #အီတလီ #နွေဦးတော်လှန်ရေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article