28 C
Yangon

ဆီဆိုင်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း အမတ ၅၀၇ နှင့် ခမရ ၅၀၉ တပ်ရင်းတို့မှ ဗိုလ်ကြီး ဝေလင်းမောင် နှင့် စစ်ဗိုလ် အောင်ကျော်ထွန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံး

Must read

ဆီဆိုင်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း အမတ ၅၀၇ နှင့် ခမရ ၅၀၉ တပ်ရင်းတို့မှ ဗိုလ်ကြီး ဝေလင်းမောင် နှင့် စစ်ဗိုလ် အောင်ကျော်ထွန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၆

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း အမတ ၅၀၇ နှင့် ခမရ ၅၀၉ တပ်ရင်း တို့မှ ဗိုလ်ကြီး ဝေလင်းမောင် နှင့် စစ်ဗိုလ် အောင်ကျော်ထွန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း PNLA ထံမှ သိရဿည်။

သင်္ကြန်ကာလအတွင်း ဆီဆိုင်မြို့နယ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၅ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ အမတ ၅၀၇ တပ်ရင်းနှင့် ခမရ ၅၀၉ တပ်ရင်းမှ ဗိုလ်ကြီး ဝေလင်းမောင်၊ စစ်ဗိုလ် အောင်ကျော်ထွန်းနှင့် ဒုတပ်ကြပ် အောင်မျိုးထွန်း အပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၁၄ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁၁ ဦး ပြင်းထန်း ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ အောင်ပန်း ကုတင် ၇၀၀ ဆေးရုံ အတွင်း သေဆုံးသွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ပအိုဝ်းဒေသကို လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များအပါအဝင် ဒေသ ပြည်သူများ ထိခိုက်သေဆုံးနေပြီး ပအိုဝ်း လူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေး ဆိုင်ရာ အဆောက်အဦး များကိုလည်း အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထား ဖျက်ဆီးလျက်ရှိကြောင်း PNLA က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article