33 C
Yangon

ဂျပန်နိုင်ငံတွင် တော်လှန်သင်္ကြန် ကျင်းပ၍ နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ပြုလုပ်

Must read

ဂျပန်နိုင်ငံတွင် တော်လှန်သင်္ကြန် ကျင်းပ၍ နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ပြုလုပ်

ရန်ကုန်၊ ဧပြီ ၁၆

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဒီမိုကရေစီ အင်အားစုများ အတူတကွ ပူးပေါင်း၍ တော်လှန်သင်္ကြန် ကျင်းပကာ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နွေဦးသင်္ကြန်ကို တော်လှန်ရေး ပုံရိပ် ထင်ဟပ်စေမည့် အနုပညာတင်ဆက်မှုများ၊ မြန်မာ့ရိုးရာအဆိုအကများ၊ သင်္ကြန်သံချပ်များနှင့် တိုင်းရင်းသား ယဉ်ကျေးမှုကို ဖော်ဆောင်သည့် အကများ၊ တော်လှန်ရေးတေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ရိုးရာ အစားအသောက် ရောင်းချသော ဈေးဆိုင်များ၊ အမှတ်တရ ပစ္စည်းဆိုင်များ ရောင်းချခြင်းများ တော်လှန်ရေးနှင့်ပတ်သက်သော ပုံရိပ်များ ခင်းကျင်းပြသမှုနှင့် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားပညာ (အလှခတ်မှု) များကိုပါ ထည့်သွင်းခဲ့ပြီး ဂျပန်လူမျိုးများ မြန်မာ့အရေး စိတ်ပါဝင်စားသူ နိုင်ငံခြားသားများအပါအဝင် လူဦးရေ နှစ်သောင်းကျော် လာရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article