34 C
Yangon

ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ကူ ရောက်ရှိနေသည့် တပ်မ ၃၃ မှ တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး နိုင်နိုင်ဝင်း နှင့် ရဲဘော်များ လက်နက် ကြီး ထိမှန်၍ သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၇

ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ကူရောက်ရှိနေသည့် တပ်မ ၃၃ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်ဝင်း ဦးဆောင်သော စစ်ကြောင်းသည် လက်နက်ကြီးကျည်ကျရောက်ထိမှန်၍ တပ်ရင်းမှူး နိုင်နိုင်ဝင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသွားကြောင်း ၎င်းနှင့် မိတ်ဆွေတော်စပ်သူများထံမှ သိရှိရသည်။

ဧပြီလ ၁၄ ရက်နေ့ ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဂွင်တွင် စစ်ကူ စစ်ကြောင်းအဖြစ်ရောက်ရှိနေသော တပ်မ ၃၃ မှ တပ်ရင်းမှူ ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်ဝင်း ဦးဆောင်သော စစ်ကြောင်းသည် ရှေ့တန်းသို့ ထွက်ခွာစဉ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ၊ လက်နက်ကြီးကျည်သည် ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်ဝင်းနှင့် ရဲဘော်များပေါ်သို့ တည့်တည့်ကျရောက်ရာ နိုင်နိုင်ဝင်း အပါအဝင် စုစုပေါင်း စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“နိုင်နိုင်ဝင်းက အရင် နမခ မှာ Q2 ဒုတပ်ရင်းမှုး တာဝန်ယူခဲ့ရာကနေ ရာထူး တိုးပြီး တပ်မ ၃၃ မှာ တပ်ရင်းမှူးဖြစ်တာ။ သူ့ ဦလေးက ဗိုလ်မှုးကြီးမောင်ဆန်း စစ်တက္ကသိုလ် အပတ်စဉ် ၂၉ က ။ တပ်ကအငြိမ်းစားယူထားပြီး Royal Shambella Company ထောင်ထားတယ်။အဲဒါ သူ့တူ တပ်ရင်းမှူး နိုင်နိုင်ဝင်းက ဧပြီလ ၁၄ ရက်နေ့ မပခ ဂွင်မှာ လက်နက်ကြီးကျည် တည့်တည့် ကျပြီး ဆုံးတာလူမှုကွန်ရက်ပေါ်မှာ တင်ထားရာကနေ သိရတာ။ ဆုံးသွားတဲ့ နိုင်နိုင်ဝင်းက စစ်တက္ကသိုလ် အပတ်စဉ် ၄၅ ကျောင်းဆင်း တပ်ရင်းမှူးလည်းဖြစ်တယ်၊ ဒုတိယဗိုလ်မှူးကြီးရာထူး ရထားတာလည်း မကြာသေးဘူး။ အသက် ၄၂ နှစ် ရှိပြီ။ နာရေးပုံတွေပါ သူ့ဦးလေးက တင်ထားတာ” ဟု မိတ်ဆွေဖြစ်သူက ပြောဆိုသည်။

ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်ဝင်းသည် သေဆုံးချိန်တွင် ဇနီးနှင့်သားသမီး ကျန်ရစ်ခဲ့ပြီး နာရေးကို ဧပြီလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် #တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး နိုင်နိုင်ဝင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article