30 C
Yangon

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို အကျဉ်းထောင်များမှ နေရာပြောင်းရွှေ့၊ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခြင်းမရှိ

Must read

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို အကျဉ်းထောင်များမှ နေရာပြောင်းရွှေ့၊ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခြင်းမရှိ

ရန်ကုန်၊ ဧပြီ ၁၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို အကျဉ်းထောင်များမှ နေရာပြောင်းရွှေ့လိုက်ကြောင်း အကြမ်ဖးက် စစ်ကောင်စီ၏ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက မီဒီယာများသို့ ပြောဆိုသည်။

လက်ရှိတွင် ရာသီဥတုပူပြင်းနေ၍ အပူချိန် ပြင်းထန်နေသည့်အတွက် အသက်ကြီး အကျဉ်းသားများကို အပူဒဏ်ကာကွယ်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

“ရာသီဥတုက အပူချိန်ပြင်းထန်နေတဲ့အချိန်ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်မှမဟုတ်ဘူး။ ကျန်တဲ့ ကျန်းမာရေးအရလိုအပ်တဲ့ အကျဥ်းသားတွေ ပြီးရင် အသက်ကြီးတဲ့ အကျဥ်းသားတွေကို အပူဒဏ်ကာကွယ်နိုင်ရေးအတွက် လိုအပ်တဲ့ကာကွယ်မှုတွေလုပ်ဆောင်ပေးလျက်ရှိပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနထံသို့ ပြောဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် အကျဉ်းထောင်တွင်လည်းကောင်း၊ သမ္မတ ဦးဝင်းမြင့်သည် တောင်ငူအကျဉ်းထောင်တွင်လည်းကောင်း အသီးသီး ရှိနေကြခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ပြောင်းရွှေ့ ခြင်းကို အကြမ်းဖက် ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ရှိ နေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခြင်းမရှိဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် #သမ္မတ ဦးဝင်းမြင့် #ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article