34 C
Yangon

ကချင်ပြည်နယ်သို့ ယာဉ်ယန္တရား၊ စက်သုံးဆီ၊ ဆန်၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ သယ်ယူခွင့် စစ်ကောင်စီက ပိတ်ပင်ပြီး ဖြတ်လေးဖြတ်စနစ်ဖြင့် ကုန်စည်စီးဆင်းမှုကို ဖြတ်တောက် တားဆီးထားရန် လျှို့ဝှက် ညွှန်ကြား

Must read

ရန်ကုန်၊ ဧပြီ ၁၇

အကြမ်းဖက်စစ်ကောင်စီက ကချင်ပြည်နယ်သို့ ယာဉ်ယန္တရား၊ စက်သုံးဆီ၊ ဆန်၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ သယ်ယူခွင့် ပိတ်ပင်ပြီး ဖြတ်လေးဖြတ်စနစ်ဖြင့် ကုန်စည်စီးဆင်းမှုကို တားဆီးဖြတ်တောက်ထားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သော လျှို့ဝှက် ညွှန်ကြားစာတွင် ကချင်ပြည်နယ်အတွင်းသို့ စက်ယန္တရားယာဉ်၊ သံသတ္တုပစ္စည်းများ သယ်ယာဉ်၊ ကတ္တရာ၊ စက်သုံးဆီ၊ ဆန်၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ သယ်ဆောင်သည့်ယာဉ်မျာအးား သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ခွင့်ပြုစာမူရင်းဖြင့်သာ သယ်ဆောင်ခွင့်ပြုထားကြောင်း၊ အဆိုပါယာဉ်များကို သက်ဆိုင်ရာ စစ်ဆေး ရေးဂိတ်များက စနစ်တကျ တိုက်ဆိုင် စိစစ်ပြီး ဖြတ်သန်း ရောက်ရှိမှု အခြေအနေအား အချိန်နှင့် တစ်ပြေးညီ တင်ပြရန် ၊ ခွင့်ပြုထားသည့်ကာလ ကျော်လွန်ဖြတ်သန်းပါက သယ် ဆောင် ခွင့်မပြုဘဲ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားရန် ၊ မှတ်ပုံတင်ယာဉ် လိုင်စင်ရှိ၊ မရှိ စစ်ဆေးရန်၊ အဆိုပါ မော်တော်ယာဉ်များ စစ်ဆေးရေးဂိတ်များသို့ ဖြတ်သန်းလာပါက ခရိုင်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုချက်ရယူပြီး စေလွှတ်ရန်၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးသို့ သတင်းပို့ တင်ပြရန် ညွှန်ကြားထားသည်။

“ကချင်ပြည်နယ်ဘက်မှာတော့ စစ်ကောင်စီက ဖြတ်လေးဖြတ် စနစ်နဲ့ ရိက္ခာ၊ စက်သုံးဆီ၊ ယာဉ်ယန္တရား တင်သွင်းမှု ဖြတ်တောက်ထားတယ်။ အဓိက က ဒေသပြည်သူနဲ့ KIA ၊ PDF တွေ ချိနဲ့သွားအောင် လုပ်ထားတာ” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ခွင့်ပြုမပါရှိသည့် ကုန်တင်ယာဉ်များကို ချက်ချင်း ဖမ်းဆီးရန်၊ နေ့စဉ် စစ်ဆေးရေးဂိတ်များသို့ ဖြတ်သန်းသည့် ယာဉ်စာရင်းကို ချက်ချင်း တင်ပြရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကချင်ပြည်နယ် #ယာဉ်ယန္တရား၊ စက်သုံးဆီ၊ ဆန်၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ #ဖြတ်လေးဖြတ်စနစ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article