30 C
Yangon

အကြမ်းဖက်စစ်ကောင်စီက အကျဉ်းထောင်များမှ အကျဉ်းသား ၃၃၀၃ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၈ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

Must read

ရန်ကုန်၊ ဧပြီ ၁၇

အကြမ်းဖက်စစ်ကောင်စီက ယနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတစ်ဝန်း အကျဉ်းထောင်များ၊ အချုပ်ထောင်များနှင့်စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၃၃၀၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်ဆိုသော စည်းကမ်းချက်ဖြင့် အကျဉ်းသားအကျဉ်းသူ ၃၃၀၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်း ကြေညာထားသည်။
ထို့ပြင် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ ၈ ဦးကိုလည်း ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ကြေညာထားသည်။

ဓာတ်ပုံ – ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အကျဉ်းသားအကျဉ်းသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုစဉ် အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AP ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #နိုင်ငံခြားသားအကျဉ်းသား #ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အကျဉ်းသားအကျဉ်းသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုစဉ် အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article