28 C
Yangon

တနိုင်းမြို့နယ်၊ နွယ်ဂျဲဘွမ်ရှိ ခလရ ၂၉၇ တပ်၏ ရှေ့တန်းစစ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ ဧပြီ ၁၇

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နွယ်ဂျဲဘွမ်ရှိ ခလရ ၂၉၇ တပ်၏ ရှေ့တန်းစစ်စခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တနိုင်းမြို့နယ်၊ နွယ်ဂျဲဘွမ် စစ်တပ်စခန်းကုန်းကို KIA က သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး အပြီး သတ်နယ်မြေရှင်းလင်းလိုက်ပြီဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးမှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခြေအနေကို မသိရှိရသေးကြောင်း KIA သတင်းရင်းမြစ်က ရှင်းပြသည်။

“နွယ်ဂျဲဘွမ် ခလရ-၂၉၇ ရှေ့တန်စခန်းကို ဒီမနက်မှာ သိမ်းလိုက်ပြီး မနက် ၁၀ နာရီလောက်မှာစခန်းကို နယ်မြေရှင်းလင်းမှုတွေ လုပ်တယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

KIA က မတ်လဆန်းပိုင်းမှစတင်ပြီး ယခုအချိန်အထိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၈၀ နီးပါး ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article