36 C
Yangon

“ဝ” ပြည်နယ်၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပုံစံက တိုင်းရင်းသားများတွင် စံပြနမူနာဖြစ်သည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ပြောဆို

Must read

“ဝ” ပြည်နယ်၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပုံစံက တိုင်းရင်းသားများတွင် စံပြနမူနာဖြစ်သည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ပြောဆို

ရန်ကုန်၊ ဧပြီ ၁၇

ရှမ်းပြည်နယ်ရှိ “ဝ” ပြည်နယ်၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပုံစံက တိုင်းရင်းသားများတွင် စံပြနမူနာဖြစ်သည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် ‘ဝ’ပြည်နယ် ငြိမ်းချမ်းစွာ ထူထောင်ရေး ၃၅ နှစ်မြောက် အထိမ်းအမှတ် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က UWSA ထံသို့ ပေးပို့သော သဝဏ်လွှာတါင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

‘ဝ’ပြည်နယ်ကို ငြိမ်းချမ်းစွာ ထူထောင်လာသည်မှာ ၃၅ နှစ်မြောက်ဖြစ်လာ၍ နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုကြောင်း၊ ဝ ပြည် နယ်အတွက် ၃၅ နှစ်တာ ခမ်းနားပြီး ခက်ခဲကြမ်းတမ်းသော ခရီးဖြစ်ကြောင်း၊ ဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်တွင် ခေါင်းဆောင်များ၏ ထူးကဲသောဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိဖြင့် ထူးကဲသောအောင်မြင်မှုများကို ဖန်တီးခဲ့ကြောင်း၊

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း အများအပြားတွင် ဝ ပြည်နယ်၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပုံစံသည် စံပြနမူနာ တစ်ခု ဖြစ်ကြောင်း၊

၃၅ နှစ်တာ ကာလအတွင်း ဝပြည်နယ်သည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘက်မလိုက်ဘဲ၊ မည်သည့်ပြည်တွင်းစစ်တွင်မျှ မပါဝင်ခဲ့ဘဲ ကြားနေသဘောထားကို အမြဲထိန်းသိမ်းထားခဲ့ကြောင်း၊ ထိုသို့ မဟာဗျူဟာအမြင်ကြောင့်

ဝပြည်နယ် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဖိုးတန် အခွင့်အလမ်းများ ရရှိခဲ့ကြောင်း၊ ၀ တိုင်းရင်းသားခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် “ဝ” ပြည်တပ်မတော်နှင့် အရပ်သားတို့သည် တစည်းတလုံးတည်း စည်းလုံးညီညွတ်ကြပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

‘ဝ’ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီနှင့် “ဝ” ပြည်တပ်မ တော်၏ ဆောင်ရွက်ချက်များကို အစဉ်အမြဲ ထောက်ခံပါကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် UWSA ၀ တပ်ဖွဲ့၏ စစ်ရေးပြ လှုပ်ရှားမှု ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AFP။

- Advertisement -spot_img

More articles

1 COMMENT

  1. လေးစားပါတယ် ပြည်သူ့ကာကွယ်ရေးအတွက်
    ပြည်သူချစ်တဲ့ စစ်သားတွေ ပဲ အ ြြ၊၊၊၊
    အဖြစ် နဲ့ ၊ငါတို့တွေညီအကိုလို လက်တွဲ ပါရစေ
    ဝ လူမျိုးလွပ်မြောက်ရေး ဝ စစ် တပ် ရယ်
    လက်တွေ ဆွဲပြီးငြိမ်းချမ်းရေးလမ်းလျောက်လှမ်း
    ကြပါစို့နော်

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article