31 C
Yangon

မြင်းခြံ၊ စံပြရွာ စစ်တပ် ယာယီ အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၄ ဦးသေဆုံး၊ ချောင်းဦးမြို့၊ သစ်တောရုံးတွင် တပ်စွဲထားသော စစ်တပ်ကို PDF က တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၁၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြရွာရှိ အကြမ်းဖက် စစ်တပ်၏ ယာယီ အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ အကြမ်းဖက် စစ်တပ် ၏ ယာယီ အထိုင်စခန်းကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း (27 Revolution Forces)ဒေါင်းမင်းတမန် ပြောက်ကျားနက်အဖွဲ့ MG6 ပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ သစ်တောရုံးအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ချောင်းဦးမြို့၊ သစ်တောရုံးအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း (People’s Defence Force – South Monywa တပ်ခွဲ ၂) Black Hunter People’s Task Force နှင့် တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဖီးနစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းတစ်စင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဒရုန်းဖြင့် ဗုံးကျဲ #ချောင်းဦးမြို့၊ သစ်တောရုံး

ဖီးနစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းတစ်စင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article