29 C
Yangon

မတ္တရာမြို့နယ်တွင် စစ်ကြောင်းနှင့် စစ်ကူထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မတ္တရာမြို့နယ်တွင် စစ်ကြောင်းနှင့် စစ်ကူထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၃၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်ကူထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၅ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာမှ အင်အား ၁၀၀ ဦးခန့်ဖြင့် ထွက်လာသော စစ်ကြောင်းသည် ဥဒိန်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် မတ္တရာမြို့နယ် ပကဖ နှင့် တိုက်နယ် ၂ ပကဖ မှ ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စကစများ အထိနာ သွားကြောင်း သိရသည်။

ဧပြီလ ၂၇ ရက်နေ့တွင် မတ္တရာမြို့နယ်၊ တံငါကျေးရွာဘက်မှ အင်အား ၂၅ ဦးပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဖောကား ၁ စီးအား မန္တလေး-မိုးကုတ်လမ်းပိုင်း တစ်နေရာ၌ မတ္တရာမြို့နယ် ပကဖ က မိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲခံရသော စစ်တပ် ဖောကားကို စစ်ကူသွား ရောက်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မတ္တရာ ပကဖ က မိုင်း ၄ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ၏ အထိုင် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။

ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ၏ အထိုင် ရဲစခန်းကို နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ က Fixed Wing Drone ဖြင့် ၁၃၀၀ ဂရမ် မိုင်းသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိမရှိ အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article