29 C
Yangon

မုံရွာနယ်အရှေ့ခြမ်းသို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူများ ထွက် ပြေး တိမ်းရှောင်နေရ

Must read

မုံရွာနယ်အရှေ့ခြမ်းသို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူများ ထွက် ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာနယ်အရှေ့ခြမ်းသို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်း စစ်ကြောင်း ၂ ခုဖြင့် ၀င်ရောက်သောကြောင့် ကျေးရွာအများအပြားမှ ဒေသပြည်သူများက ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ မုံရွာအရှေ့ခြမ်းကျေးရွာများသို့ အရာတော်မြို့ဘက်မှ စစ်တပ်က စစ်ကြောင်းထိုး၀င်ရောက်လာသည့် အတွက် အရာတော်နယ်မှ ကျေးရွာများ အပါအဝင် မုံရွာမြို့နယ်အရှေ့ခြမ်းမှ ကျောက္ကာ၊ ထနောင်း၀န်း၊ရေကန်စု၊ ရွာတုံ စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“အရာတော်ဘက်ကနေ စစ်ကြောင်း(၂)ခုနဲ့၀င် လာတာ၊အရာတော်နယ်ထဲက ရွာ တွေလည်း ပြေးနေရတယ်။ ကျနော်တို့လည်း အခုပြေးနေ ရတယ်၊ကျောက္ကာ ထန်းဇလုပ်ကတောထဲ တဲ တွေအကုန်မီးရှို့နေတာ လှမ်းမြင်နေရတယ်”ဟု မုံရွာအရှေ့နယ်မှ ကျေးရွာခံပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက မုံရွာ-အရာ တော်လမ်းပိုင်း ကျောက္ကာလမ်းမကြီး၏ တောင်ဘက်အခြမ်းနှင့် မြောက်ဘက်အခြမ်းကို စစ်ကြောင်း ၂ခုဖြင့် ၀င် ရောက်လာကြောင်း သိရှိရသည်။

ဓာတ်ပုံ-မုံရွာနယ်မှ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေပုံ။ (ပုံအဟောင်း ဖြစ်ပါသည်။)

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article