28 C
Yangon

မင်္ဂလာဒုံ လေတပ်အဆောင်နှင့် ကြံ့ဖွတ်ရုံး ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်၊ ရန်ကုန်မြို့နယ်တချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများဖြစ်ပေါ်

Must read

မင်္ဂလာဒုံ လေတပ်အဆောင်နှင့် ကြံ့ဖွတ်ရုံး ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်၊ ရန်ကုန်မြို့နယ်တချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများဖြစ်ပေါ်

ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ လေတပ်အရာရှိ လူပျိုဆောင်နှင့် ကြံ့ဖွတ်ပါတီရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၈ ရက် ည ၇ နာရီ မိနစ် ၅၀ အချိန်တွင် မင်္ဂလာဒုံ ကြံ့ဖွတ်ရုံးနှင့် မင်္ဂလာဒုံ လေတပ် အရာရှိ လူပျိုဆောင်တို့ကို လက်ပစ်ဗုံးဖြစ် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။

“ယခင်ရက်ပိုင်း လှိုင်သာယာရဲစခန်းကို တိုက်ခိုက်တုန်းကလည်း ရဲတစ်ဦး ထိခိုက်သေဆုံးပါတယ်။ ဒီနေ့ ညတိုက်ခိုက်မှုမှာလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။” ဟု ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Dark Shadow အဖွဲ့ “Urban Freedom” စစ်ဆင်ရေး အဖြစ် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး မစ်ရှင်ဆောင်ရွက်ခဲ့သော ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာဖြင့် နေရပ်သို့ ပြန် လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ ည ၇ နာရီ ၃၅ မိနစ်နှင့် ည ၇ နာရီ ၃၈ မိနစ်အချိန် မြောက်ဒဂုံမြို့နယ်တွင်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ယနေ့ ည ၇ နာရီ ၃၀ မိနစ်ကျော်အချိန်နှင့် ည ၈ နာရီ ၅ မိနစ်အချိန်တို့တွင်လည်းကောင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင်လည်း ယနေ့ည ၇ နာရီ ၅၂ မိနစ်အချိန်တွင်လည်းကောင်း ဗုံးများပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အင်းစိန်မြို့နယ်တွင် ယနေ့ ည ၈ နာရီဝန်းကျင်အချိန် သေနတ်ဖြင့် ပစ်ခတ်သံများကြားရကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲများက စစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article