28 C
Yangon

တံတားဦးလေတပ်ကို ရှော့တိုက်ဒုံး ၁၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု လေယာဉ် ဂိုဒေါင် ထိမှန် ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၁၉

မန္တလေးတိုင်း၊ တံတားဦးမြို့ရှိအကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေဆိပ်ကို ရှော့တိုက်ဒုံး ၁၅ လုံး ဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ လေယာဉ်ထားသည့် ဂိုဒေါင် ထိမှန် ပျက်စီးခဲ့ကြောင်း Freedom Revolution Force – FRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဧပြီလ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်အချိန် မြန်မာနိုင်ငံလုံးအနှံ့ရှိ ပြည်သူများကို လေကြောင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုနေသော တံတားဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ ၉၀ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၁၂ လုံး ခန့်ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး လေယာဥ်ဂိုဒေါင် ပျက်စီးခဲ့ကြောင်း သိရသည်။

“လေယာဉ်တွေထားတဲ့ ဂိုဒေါင်ထိတာတော့ သတင်းရထားတယ်၊ ကျန်တဲ့နောက်ဆက်တွဲသတင်းက တော့ မရသေးဘူး၊ ၃ လုံးလောက်ကတော့ ပစ်ခတ်တဲ့ ပစ်မှတ်ကို မရောက်တာဖြစ်ခဲ့တယ်။ ၉၀ မမ တွေကတော့ အကုန်လုံးနီးပါး ပစ်မှတ်ထိတယ်၊ ၁၀၇ မမ ပဲ ၃ လုံးလောက်မရောက်တာ။ အခုချိန် အထိ လေတပ်ဘက်အခြမ်းမှာ အကုန်လုံးပိတ်ထားတာ၊ နောက်ဆက်တွဲ ဘယ်လိုမှ သတင်းထောက်လို့မရဘူးဖြစ်နေတယ်၊ဒီလေဆိပ် ကနေပြီး မြန်မာနိုင်ငံအနှံ့က ပြည်သူတွေကို ဗုံးကျဲတိုက်ခိုက်နေတဲ့အတွက်ကြောင့် ကျနော်ပစ်မှတ် ထားပြီး တိုက်ခိုက်ခဲ့တာပါ” ဟု Freedom Revolution Force – FRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force – FRF အထူးတာဝန်တပ်ဖွဲ့ – ၁Kyaukse Revolution Army – KRA နှင့် စဥ့်ကိုင်မြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်အတွင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

ရန်ကုန်ခေတ်သစ်က ရရှိထားသော သတင်းများအရ ရှော့တိုက်ဒုံးထိမှန်သော လေယာဉ်ထားရာ ဂိုဒေါင်အတွင်းမှ တိုက်လေယာဉ်တချို့လည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – တံတားဦးလေတပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများ။(ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တံတားဦးလေတပ် #လေယာဉ်ဂိုဒေါင်ထိမှန်ပျက်စီး

တံတားဦးလေတပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများ။(ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article