38 C
Yangon

ပူတာအိုရှိ စစ်တပ်ဒေါက်တိုင် ခရိုနီ တေဇပိုင် Putao Malikha lodge ဟိုတယ် မီးလောင်ပြီး အကုန်ပြာကျသွား

Must read

ပူတာအိုရှိ စစ်တပ်ဒေါက်တိုင် ခရိုနီ တေဇပိုင် Putao Malikha lodge ဟိုတယ် မီးလောင်ပြီး အကုန်ပြာကျသွာ

ရန်ကုန်၊ ဧပြီ ၂၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စစ်တပ်ဒေါက်တိုင် ခရိုနီတေဇပိုင် Putao Malikha lodge ဟိုတယ် မီးလောင်ပြီး အကုန်ပြာကျသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဧပြီလ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တေဇပိုင် Putao Malikha lodge ဟိုတယ်တွင် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဘန်ဂလို ၁၅ လုံးရှိသော ဟိုတယ်တစ်ခုလုံး မီးလောင်ပြာကျသွားခြင်းဖြစ်ကြောင်း၊ မီးလောင်ကျွမ်း ရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ဆိုကြသည်။

” ဘယ်လိုဖြစ်လို့ မီးလောင်လဲ မသိရသေးဘူး။ မီးလောင်တာတော့ ဟိုတယ်တစ်ခုလုံး အကုန်ကုန်သွားပြီ။ တစ်ခုမှ အကောင်း မကျန်တော့ဘူး။ နံနက် ၆ နာရီမှာ လောင်တာ ကုန်ပြီ။ အဲဒီဟိုတယ်က စျေးအတော်ကြီးတဲ့ဟိုတယ်ပဲ။ စစ်တပ်ဒေါက်တိုင်လည်းဟုတ်တယ်”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

တေဇ၏ Putao Malikha lodge ဟိုတယ်တွင် တစ်ညလျှင် ပျမ်းမျှ ဒေါ်လာ ၂၀၀ ဝန်းကျင် စျေးပေါက်ပြီး ခရီးသွားရာသီများဆိုလျှင် အလွန်စျေးနှုန်းကြီး မြင့်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တေဇပိုင် Putao Malikha lodge ဟိုတယ်၏ မီးလောင်နေသည့် မြင်ကွင်းနှင့် မီးမလောင်မီ ဟိုတယ်မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်တပ်ဒေါက်တိုင် ခရိုနီ တေဇ #Putao Malikha lodge ဟိုတယ် မီးလောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article