34 C
Yangon

စစ်ကောင်စီတပ်သားများ ပုန်းအောင်းနေသော အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်နေပြီး စစ်သားများ ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေးနေ

Must read

စစ်ကောင်စီတပ်သားများ ပုန်းအောင်းနေသော အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်နေပြီး စစ်သားများ ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေးနေ

ပြည်သူအများအပြားလည်း စစ်ဘေးရှောင်နေရပြီး တိုက်လေယာဉ်ဖြင့် ဗုံးကျဲမည်ကို စိုးရိမ်နေ

ရန်ကုန်၊ ဧပြီ ၂၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ခလရ ၂၇၅ တပ်မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ ပုန်းအောင်းနေသည့် အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေးနေကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“ဒီမနက် သတင်းဝင်လာတာတော့ တံတားဝင်းထဲတော့ ဝင်လို့ရပြီ။ စစ်သားတွေတော့ သောင်ရင်းမြစ် ကမ်းနဖူးတွေဘက်ကို ထွက်ပြေးတယ်။ လက်နက်မချဘူး။ လက်နက်မချလို့ ဝင်တိုက်တာ။ စစ်သားတွေ ဘက်က ထိခိုက်သေဆုံးမှုများတယ်ပြောတယ်။ အတိအကျ မသိရသေးဘူး” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၀ ရက်နေ့ ညပိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတား အနီးသို့ ဆုတ်ခွာခဲ့ပြီး လက်နက်မချဘဲ စစ်ကူတပ်များကို စောင့်ဆိုင်းနေသဖြင့် ယမန်နေ့ ညပိုင်းမှစတင်ပြီး တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာရောက်ကျဲမည်ကို ဒေသပြည်သူများ စိုးရိမ်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- သောင်ရင်းမြစ်ကမ်းဘေး ၁၂ ဂိတ်မှ စစ်ဘေးရှောင် ပြည်သူများ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်း #တော်လှန်ရေးတပ်များ ဝင်ရောက်နေ #ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article