39 C
Yangon

ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား၊ ချီပါရွာမှ ပြည်သူ ၁၀ ဦးကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးထား

Must read

ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား၊ ချီပါရွာမှ ပြည်သူ ၁၀ ဦးကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးထား

ကျေးရွာ ၆ ရွာကျော်မှ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ ဧပြီ ၂၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသပြည်သူများနှင့် Phoenix Defence Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့က စတင်ကာ ရွှေဘိုမြို့အနောက်ဘက်ရှိ မင်းကုန်းဘုန်းကြီးကျောင်းရှေ့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချီပါရွာ၌ ၃ ရက်ကြာ တပ်စွဲထားပြီးနောက် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်ပွေ့ကုန်းရွာကို လက်နက်ကြီးကျည် ကျရောက်ကာ ဒေါ်ချိုတူး ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကျွဲ ၃ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချီပါရွာက ပြည်သူ ၁၀ ဦးကျော်ကိုလည်း ရွာထဲ၌ ဖမ်းဆီးထားကြောင်း၊ လက်ရှိချိန်ထိ ချီပါရွာ အပါအဝင် ကျေးရွာ ၆ ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးတိမ်းရှောင်နေရသည်မှာ ၃ ရက်ခန့်ကြာမြင့်လာပြီဖြစ်ကြောင့် စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“ရွှေဘိုမြို့ အနောက်ဘက်က ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေတာ စစ်ခွေး စစ်ကြောင်းက ချီပါရွာကို ၃ ရက် ​ကြာ ဝင်ရောက်ပြီး တပ်စွဲထားတာ လက်နက်ကြီးတွေနဲ့ ရမ်းပစ်လို့ ပြည်သူ ၁ ဦးသေဆုံးတယ်။ ၄ ဦး ဒဏ်ရာရတယ်။ ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီးလမ်းကမပွင့်လို့ ကုန်စည် စီးဆင်းမှုတွေ ရပ်တန့်နေပြီ ပြတ်လပ်နေတယ်။ ကုန်တင်ကားတွေနဲ့ ခရီးသွားကားတွေ ပိတ်မိနေပါတယ်။ ရွှေဘိုအနောက်ဘက်က ရွာတွေမှာ ဓာတ်ဆီနဲ့ ဒီဇယ် ဝယ်ဖို့ခက်နေပြီး စားသောက်ကုန်တွေလည်း ပြတ်နေပြီး စစ်ရှောင်ပြည်သူတွေလည်း အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေပြီ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ဝက်လက်မြို့နယ်ရှိ သစ်ဆိတ်ကြီးရွာနှင့် ကျည်ဘုံသာကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Phoenix Defence Force မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့တွင် မတ္တရာမြို့နယ် ၊ ထုံးကြီးကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ဝက်လက်မြို့နယ်၊ သစ်ဆိတ်ကြီးကျေးရွာကို ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်းနှင့်‌ ဆေးရုံအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျည်ဘုံသာကျေးရွာကိုလည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထပ်မံ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး လက်နက်ကြီးကျည် ထိမှန်ကာ နွား ၄ ကောင်လည်း ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article